° 08 °

2.3K 358 42
                                    


(Zawgyi)

Sebyul အခန်းထဲကနေ အခန်းပြင်သို့ပင်မထွက်ဘဲ စာကြည့်စားပွဲမှာထိုင်ကာ ကျောင်းစာအုပ်တွေကြား အလုပ်ရှုပ်နေသည် ။

အခန်းတံခါး လော့ချပြီး နေနေသော်လည်း ဘယ်အချိန် appa ရောက်လာမလဲဆိုပြီးတွေးပူနေရတာလည်း ရင်တထိတ်ထိတ်နဲ့ပါပဲ ။ စာကြည့်နေပေမယ့် စာထဲလည်းအာရုံရောက်မနေနိုင်ပါဘူးလေ ။

......

တစ်ဖက်အခန်းထဲမှာတော့ Baekhyun မီးခံသေတ္တာအား ဖွင့်ပြီး အထဲမှ ဝမ်ငါးသောင်းတန်တွေချည်းအရွက်တစ်ရာ စည်းထားတဲ့ငွေအုပ်နှင့် ဝမ်တစ်ထောင်တန်တွေချည်းအရွက်တစ်ရာ စည်းထားတဲ့ငွေအုပ်တို့ကို ဆွဲထုတ်ယူလိုက်သည် ။

တော်ရုံတန်ရုံ မီးခံသေတ္တာမကိုင်တဲ့လူက ငွေသားအုပ်ထုတ်နေသည်မို့ ဝိုင်သောက်ရင်းသတင်းစာဖတ်နေတဲ့ Chanyeol ပါအထူးအဆန်းဖြစ်နေရပြီး မသိမသာ အကဲခတ်လို့ နေမိသည် ။

Baekhyun ကတော့ ဘာကိုမှအာရုံမစိုက်အားဘဲ သူလိုချင်သည့်ငွေနှစ်အုပ်ကိုထုတ်ပြီး အခန်းထဲကနေ သိုးသိုးသွက်သွက် ထွက်သွားလေတယ် ။

အခန်းထဲကထွက်လာတာနဲ့ ဦးတည်သွားနေတာကတော့ သမီးဖြစ်သူ Sebyul အခန်းဆီ ..

မျက်နှာထားတင်းတင်းနှင့် ခြေလှမ်းကျဲ လျှောက်နေသော သူ့ကို လမ်းမှာတွေ့တဲ့ အိမ်အကူတွေကလည်း အလန့်တကြားဦးညွှတ်နေကြသည်။ သူတို့အထင် Baekhyun တစ်ခုခုအလိုမကျ၍ သောင်းကျန်းတော့မည်ဟုသာ တွက်ထားလိုက်ကြတော့၏ ။

" တံခါးလာဖွင့် Byun Sebyul "

အခန်းတံခါးရှေ့ရောက်တာနဲ့ အေးအေးဆေးဆေး သာ တံခါးဖွင့်ပေးဖို့ပြောလိုက်သည် ။
သို့ပေမယ့် အထဲက Sebyul ကတော့ Baekhyun အသံကြားတာနှင့်ပင် မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပျာယာတွေခက်ချင်သွားပြီဖြစ်သည် ။

စားပွဲမှထရပ်ကာ အခန်းတွင်းမှာတစ်ယောက်ထဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းလဲ မသိ ။
လက်သည်းဆိတ်လိုက်.. ဆံပင်သပ်လိုက်ဖြင့် ဆူပဲဆူတော့မှာလား.. ရိုက်ဖို့တုတ်တွေရောယူလာတာလားဆိုပြီး တစ်ယောက်ထဲ ယောက်ယပ်ခက်ကာ အပူမိနေတော့၏။

Who cares?「 ChanBaek 」Where stories live. Discover now