° 25 °

3K 392 124
                                    


(Zawgyi)

ညနေစောင်းချိန်ဖြစ်ပြီး နေလည်းအေးပြီမို့ သူတို့အားလုံး၏ ရေချိုးချိန်ဖြစ်သည် ။

Sebyul အတွက်သက်သက်တစ်ခန်း Jongin တို့နှစ်ယောက်အတွက်ကတစ်ခန်းနှင့် သူတို့နှစ်ယောက်ကတစ်ခန်း သုံးခန်းခွဲကာ အတူတူနားကြရသည် ။ အိမ်မှာလိုတော့ အကျယ်ကြီးမဟုတ်ပေမယ့် နေ့ရောညရော အင်မတန်မှ နေသာပါသည် ။

Baekhyun ရေချိုးပြီး၍ သဘက်ဖြင့် ရေသုတ်နေတုန်း ကုတင်ဘေးက မီးအိမ်တင်စားပွဲပေါ်မှာတင်ထားခဲ့တဲ့ Chanyeol ရဲ့ဖုန်းလေးဟာ လင်းလာသည် ။

Message ဝင်သံကလည်း တောင်ကနဲ ထွက်လာပြီး Baekhyun ဖုန်းကိုတလှည့် ရေချိုးခန်းတံခါးကိုတလှည့်ကြည့်ကာ တွေဝေနေမိသည် ။ အထဲမှရေကျသံကလည်းမရပ်သွားသေးသည်မို့ Chanyeol ကတော့ ရေချိုးကြာသူပီပီ ထွက်လာသေးဦးမှာမဟုတ် ။

ယူကြည့်လိုက်ရမလား ဟု ဆက်တိုက်တွေးကာ လက်က ဖုန်းနားမှာ ရစ်ဝဲနေမိသည် ။
စိတ်ထဲဘာဖြစ်နေမှန်း သေချာမသိပေမယ့် သူ ဒီရက်ပိုင်း..မဟုတ်သေး..ဒီအပတ်အတွင်းမှာတင် Chanyeol နဲ့ပတ်သက်ရင် အလွန် အကဲဆတ်နေတာကို သတိထားမိသည် ။ အရင်ကဆို သေးသေးလေးကစ ဂရုမစိုက်တတ်ပေမယ့် ခုတော့ စိတ်ထဲမှာ Chanyeol နဲ့ပတ်သက်ရင် အမြဲစူးစမ်းချင်စိတ်ပဲပေါက်နေသည် ။ Chanyeol ရဲ့ဖုန်းတို့ Laptop တို့ social media acc တို့ကို စိတ်ရှိလက်ရှိ စစ်ဆေးမွှေနှောက်နေချင်သည် ။

" အော် ငါကြည့်တော့ရောဘာဖြစ်လဲ ! "

တွေဝေနေတာကိုကမဟုတ်သေးဘူးလေ Byun Baekhyun.. ယူကြည့်ချင်ကြည့်လိုက်ပေါ့
ကိုယ့်ယောက်ျားဖုန်းကိုယ်ကြည့်တာ
ဘယ်သူ ဘာပြောမလဲ ။

...

Baekhyun ကောက်ကိုင်ကြည့်လိုက်တော့
သူတို့မိသားစု ပုံတင်ထားတဲ့ wallpaper ထက်မှာ * Jo Hanna * ဆိုတဲ့ အမည်နဲ့ စာတစ်စောင် ရောက်နေသည် ။

" chanyeol shi.. အပြန် လက်ဆောင် ဝယ်ခဲ့ဖို့မေ့နေမှာစိုးလို့ သတိပေးတာ သေချာပေါက် ဝယ်လာမယ်မို့လား ^^ "

Baekhyun အသံထွက် ဖတ်ကာ ဟက်ကနဲရယ်လိုက်ပြီး ဖုန်းကိုပြန်ပစ်ချလိုက်သည် ။

အံ့သြစရာကောင်းတဲ့မိန်းမ..
ဘယ်လိုလုပ်မှ အသိတရားရမလဲမသိဘူး ။

Who cares?「 ChanBaek 」Where stories live. Discover now