° 23 °

2.9K 379 164
                                    

(Zawgyi)

Shinwoo လေးနဲ့အတူ အချိန်တွေကုန်ဆုံးခဲ့ပြီး
ညနေလောက်မှာတော့ Jaemin နေထိုင်ရာအိမ်သို့ ပြန်ရောက်လာခဲ့သည် ။

မီးခလုတ်ဖွင့်လိုက်ပြီး ဆိုဖာခုံဆီသို့ ခြေတရွတ်ဆွဲသွားကာ စိတ်လွတ်ကိုယ်လွတ်ပဲ လှဲအိပ်ချလိုက်တော့သည် ။

မျက်နှာကျက်ကိုစိုက်ကြည့်နေရင်း နဖူးပေါ် လက်တင် စဉ်းစားမိတဲ့ အကြောင်းအရာတွေကလည်း အကုန် ရင်မောစရာတွေချည်းသာ ။

အခုလိုမျိုး အစ်ကိုလေးကို စိတ်မလုံမလဲ ဖြစ်စွာ နဲ့ ရှောင်တိမ်းနေရခြင်းရဲ့ အစပြုရာကတော့
သူ့ရဲ့ လောဘစိတ်တွေပေါ့ ။

..

အကြောင်းမဲ့ငေးဆွေးကာ လျှောက်တွေးနေမိတုန်းမှာပဲ ခုံပေါ်တင်ထားသည့်အိတ်ထဲကနေ သူ့ဖုန်းလေးမြည်လာသည် ။

ကိုယ်ပင်မထချင်လောက်အောင် ပင်ပန်းနေပြီမို့ လှဲလျက်တိုင်း ယူပြီး အိတ်ထဲကနေ ဖုန်းလေးထုတ်ကာ ကြည့်လိုက်တော့..

~ CEO Park ~

Contact name ကိုမြင်ပြီး ကိုင်သင့်မကိုင်သင့်တွန့်ဆုတ်နေမိသည် ။

မကိုင်မချင်း ဆူညံနေတဲ့ ဖုန်း ringtone သံကလည်း အခန်းတွင်း ကျယ်လောင်စွာ ။

ဘာအကြောင်းပြောဖို့လဲ မသိ၍ Jaemin သက်ပြင်းသာ ချရင်း Answer key လေးကို ဖိဆွဲလိုက်ရတော့သည် ။

" hello hyung "

<< ကလေးမွေးနေ့မို့ ဂေဟာသွားတယ်ဆို >>

ဖုန်းလက်ခံလိုက်ချင်း ကြားရသော စကားကြောင့် Jaemin စိတ်တိုချင်သွားသည် ။ စိတ်မရှည် (သို့မဟုတ်) သဘောမကျ ဖြစ်နေတဲ့အသံနဲ့မေးနေတာမို့လို့ပင် ။

ဒီကလေးလေးကို စွန့်ပစ်တုန်းက စွန့်ပစ်ခဲ့ပြီး
ခေါ်ယူစောင့်ရှောက်ထားပါ ဆိုတော့လည်း
စောင့်ရှောက်ထားပေးတယ် ။ သူခင်တွယ်တဲ့ မိဘမဲ့ဂေဟာလေးကို သွားချင်လို့ လိုက်ပို့မိတာကရော ဘာစိတ်တိုင်းမကျစရာများရှိသွားလို့လဲ!

သို့ပေမယ့် ပြောပစ်ချင်သည့်စကားလုံးများကို အသာပြန်မြိုချရင်းပဲ..

" ဟုတ်တယ် hyung.. ဒီနေ့ကသားမွေးနေ့မှန်းတော့သတိရသေးသားပဲ  "

ကလေးက သူ့အဖေအရင်းကိုရော မတွေ့ချင်ပဲနေမလား.. ဒါကိုရော စဉ်းစားမိကြသေးရဲ့လား ။
မွေးနေ့ရက်လေးတော့ တစ်ခုခု ဂုဏ်ပြုပေးသင့်တယ်မဟုတ်ပေဘူးလား ။

Who cares?「 ChanBaek 」Where stories live. Discover now