Zawgyi
Jo Hanna ..
အရပ်လည်းရှည်၊စတိုင်လည်းကျ၊ ကျောလယ်လောက်ထိရှည်တဲ့ဆံနွယ်ညိုများနဲ့ ကျော့ကျော့မော့မော့ရှိတဲ့ သူမဟာ Park Group ကို စိတ်တိုင်းကျ ဝင်နိုင်ထွက်နိုင်လို့ရနေပြီဖြစ်တယ် ။
Jo CEO ရဲ့သမီးလည်းဖြစ်ပြီး လက်ရှိ Park Gp နဲ့တွဲလုပ်နေတဲ့ project မှာလည်း သူဌေး Jo ရဲ့ကိုယ်စားအလုပ်လုပ်မယ့်လူမို့ ခဏခဏတွေ့ဖြစ်ပြီး ပြောဆိုဆက်ဆံနေရတာတွေ ဟာလည်းအင်မတန်များတယ် ။
အလုပ်ကိစ္စကြောင့်ဖြစ်ပေမယ့်လို့ သွက်သွက်လက်လက်ရှိလွန်းတဲ့ Jo Hanna ဟာ Park Gp ကို ခဏတိုင်းလိုလိုလာရောက်ပြီး တစ်ခုမဟုတ်တစ်ခု အမြဲဆွေးနွေးနေတတ်တယ် ။
အခြံအရံတွေမပါဘဲ ဘော်ဒီဂတ်တစ်ယောက်ထဲနဲ့ ဒေါက်ဖိနပ်သံတစ်ဂွက်ဂွက်ဖြင့် ခဏတိုင်းလာနေတတ်သော ထိုအမျိုးသမီးငယ်ကြောင့် ဝန်ထမ်းများအမြင်မှာလည်း ထူဆန်းလို့နေတော့သည် ။ CEO Park က လူရိုးကြီးမို့ ကြားမကောင်းတာတွေဖြစ်ကုန်မှာစိုးတယ် ဟူ၍လည်း တီးတိုပြောသံများက ခပ်စိပ်စိပ် ကြားနေရပြီဖြစ်၏။
စားလိုက်တဲ့ ညစာ ၊ တွေ့လိုက်တဲ့ အစည်းအဝေးတွေကြောင့် ဝန်ထမ်းများအကြား အတင်းအဖျင်းပြောစရာအကြောင်းတစ်ခု ဖြစ်လာသည်အထိပင် ။
____________
ဒီနေ့က ကလေးတွေရဲ့ကျောင်းမှာစာမေးပွဲဖြေရမယ့်နေ့ဖြစ်တာကြောင့် ပတ်အိမ်တော်မှာလည်း မနက်စောစောကတည်းကလှုပ်လှုပ်ရှားရှားဖြစ်နေသည် ။ Baekhyun ကိုယ်တိုင်ပင်အိပ်ယာစောထပြီး စာမေးပွဲသွားဖြေရမယ့်သမီးအတွက်အားပေးလို့နေတယ် ။ Chanyeol ကတော့ ညက အိမ်ပါလာတဲ့အလုပ်တွေလုပ်ရင်း ညနည်းနည်းနက်သွားတာကြောင့် မျက်လုံးပင်မပွင့်နိုင်။
ဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်ကာ သမီးကို ကိုယ်တိုင်ခေါင်စည်းပေးနေတဲ့ Baekhyun မှာလည်း အိပ်ယာသာထလာရတယ် ၊ ကတ္တီပါရောင် pajama ဖြင့် အိပ်မှုန်စုံဖွားဖြစ်လို့ ။
" အာ့ appa နာတယ် "
" ah ah miyan "
ဆံပင်နှစ်ဖက်ခွဲစည်းပေးလိုက်ပြီး ရှေ့ဆံမြိတ်လေးတွေထိ ခေါင်းဖြီးလေးဖြင့် သပ်သပ်ရပ်ရပ် ချပေးလိုက်သည် ။ Chanyeol ဆီကအမွေရတဲ့ နှာတံပေါ်ကမှဲ့လုံးလေးရော Baekhyun ဆီက အမွေရတဲ့ နှုတ်ခမ်းထောင့်ကမှဲ့လုံးလေးရောက သမီးဆီမှာရှိနေပြီး Sebyul ဟာ ဖြူဝင်းကျော့ရှင်းတဲ့မိန်းမလှလေးဆိုတာ ဘယ်လိုမှငြင်းမရနိုင်သည့်အချက်ပင် ။