° 02 °

3.6K 428 3
                                    


(Zawgyi)

^ Park မောင်နှမတို့ အသက် ၇ နှစ်အရွယ်၌ ^

ထိုနေ့က...
.
.

" Appa.. ဒီဟာခဏခဏပြတ်တယ် သမီးကိုပိုကောင်းတာလေးနဲ့ထပ်စည်းပေးပါလား "

Hyunwoo လေးကိုခေါင်းလိမ်းဆီ ပွတ်ပေးပြီး ဖြီးလိမ်းပေးနေတုန်း သမီးငယ်ကပါ ခေါင်းစည်းကြိုးပြတ်ကလေးကိုင်၍ လာအကူညီတောင်းတော့ Baekhyun ဗျာများသွားရသည် ။

သူ့မှာလည်းရုံးသွားဖို့ရာ ခုထိ ရေမချိုးရသေး ။ ကလေးနှစ်ယောက်ရှိသွားတာက သူတို့ကို အရင်ကထက် သုံးဆလောက်ပိုအလုပ်ရှုပ်စေခဲ့သည် ။ သို့သော်လည်း ကိုယ့်အသွေးအသားနဲ့ဖြစ်တည်လာတဲ့ ဒီအမြွှာလေးနှစ်ယောက်ကို တစ်ခါမှမငြိုငြင်ရက်ခဲ့ပါဘူး ။

" အော sebyul ah.. appa မောင်လေးကိုပြင်ပေးနေလို့မို့ ဗြောလေးက ဒယ်ဒီ့ဆီသွားလို့ရမလား "

Baekhyun သားငယ်ကိုပင် ပြင်ဆင်ပေးလို့မပြီးသေးတာကြောင့် သမီးငယ်ကို ခင်ပွန်းဆီလွှတ်လိုက်ရသည် ။ သမီးကဆံသားအားကောင်းတော့အရှည်မြန်သည် ။ ထို့ကြောင့် ခေါင်းစည်းကွင်းတွေကစ branded တွေချည်းဝယ်စည်းပေးတာကို အကိုင်အတွယ်ကြမ်းပုံကြောင့် မကြာခဏ ပြတ်ထွက်တတ်လေ၏။

" ဗြောလေးလာ ဒီကို.. ဒယ်ဒီ စည်းပေးမယ် "

ကလေးနှစ်ယောက် ကျောင်းသွားရမည့်ဒီမနက်ခင်းမှာတော့ သူတို့ကိုယ်တိုင်ပြင်ဆင်ပေးနေဖြစ်သည် ။ ကလေးတွေရဲ့စာကျက်ချိန်၊အနားယူချိန် စသဖြင့် လိုအပ်တာတွေကိုလုပ်ကူဖို့ အထိန်းငှါးထားပေမယ့် ဒီနေ့တော့ အထိန်းတော်နှစ်ယောက်ကခွင့်ယူထားတာကြောင့် မိဘတွေကိုယ်တိုင်လုပ်ပေးနေရခြင်းပင် ။ ပြည့်ပြည့်စုံစုံထားနိုင်ပေမယ့် သူရော Chanyeol ရောက အမြွှာကလေးနှစ်ယောက်ကို အချိန်ပြည့်တော့ ထိန်းကျောင်းမနေနိုင်ကြဘူးလေ ။ ဒီအရွယ်ထိ ကောင်းကောင်းမွန်မွန် ကြီးပျင်းလာခဲ့ရတာက ကလေးထိန်းတွေရဲ့ကျေးဇူးလည်း မကင်းပါဘူး ။

အားလုံးပြင်ဆင်ပြီးတော့ ကလေးတွေဟာ သူတို့လွယ်အိတ်ကိုသူတို့် ပစ္စည်းစုံရဲ့လားစစ်ဆေးနေကြရသည် ။ Baekhyun ကတော့လက်ပိုက်၍ သေချာစောင့်ကြည့်နေသည် ။ ကလေးနှစ်ယောက် ကို အရာရာအလိုလိုက်ပေမယ့် စည်းကမ်းမရှိတာ၊မလေးစားတာမျိုးဆို အပြစ်ပေးဖို့ရာဝန်မလေးနေတတ်သူမို့ လွယ်အိတ်ထဲပစ္စည်းတွေစုံမစုံကအစ တိတိကျကျစစ်ဆေးခိုင်းသည် ။ Daddy က အနေအေးသူမို့တော်ရုံသင့်ရုံပဲကြောက်ပေမယ့် Baekhyun Appa ကိုတော့သူတို့မောင်နှမနှစ်ယောက် ပိုကြောက်ရသည် ။

Who cares?「 ChanBaek 」Where stories live. Discover now