° 03 °

2.9K 395 34
                                    

(Zawgyi)

* Seoul Hospital *
------------------

" သားငယ်.. ငါ့သားလေး "

ဆေးရုံလမ်း ကော်ရစ်တာတစ်လျှောက် အရူးတစ်ပိုင်းဖြင့်ပြေးလာသော Baekhyun အား တခြား အခန်းများမှလူများပင် ထွက်ကြည့်လာကြသည် ။

Room No. --- ရှေ့တွင်တော့ Baekhyun ထက်အရင်ကြိုရောက်နေသော Black suit ဖြင့်ဝန်ထမ်းနှစ်ယောက်သုံးယောက်နှင့် အတွင်းရေးမှူး ဂျောင် က မတ်တပ်ရပ်နေကြသည် ။

" ငါ့သားလေးဘယ်မှာလဲ.. ဖယ်ကြစမ်း.."

" အထဲမှာမရှိပါဘူးအစ်ကိုလေးခင်ဗျ "

အခန်းထဲအတင်းတိုးဝင်နေသော Baekhyun ကို အတွင်းရေးမှူးက မနည်းဆွဲဖမ်းချုပ်ထားလိုက်ရသည် ။ အမျိုးသားတစ်ယောက်ဖြစ်သော်ငြား ကြည်လက်တောက်ပသည့်မျက်နှာထားလေးရှိသောအစ်ကိုလေးရဲ့မျက်နှာမှာ ယခုတော့ ဇောချွေးနဲ့မျက်ရည်စက်များရောပြွန်းပြီး ပွထနေလေတော့သည်။

ရင်ခေါင်းထဲကလှိုက်လှိုက်တက်လာသော အသက်ရှူသံခပ်ပြင်ပြင်းကလည်း အစ်ကိုလေးကို မောပန်းစေလျှက်ရှိသည် ။

" ငါ့သားကဘယ်မှာလဲ..ဘယ်မလဲ!! "

" အရေးပေါ်အခန်းကိုအမြန်ပို့လိုက်ရပါတယ်အစ်ကိုလေး..ခုထိပြန်မထွက်လာကြသေးပါဘူးခင်ဗျ "

" ဘယ်မလဲအဲ့အခန်း.. ခုသွားမယ် "

" အစ်ကိုလေးခင်ဗျ! "

အရူးမီးဝိုင်းဖြင့် တောင်ပြေးမြောက်ပြေးဖြစ်နေသော Baekhyun ကို သူတို့အစောင့်အားလုံး ဝိုင်းထိန်းထားကြရသည် ။ အော်ဟစ်ငိုယိုနေသံကလည်း ထိုနေရာမှာ ကျယ်လောင်လျှက် ။

အတွင်းရေးမှူး ဂျောင်က Baekhyun ဘေးမှာအလုပ်လုပ်လာတာ ဆယ်စုနှစ်တစ်စုပင်ပြည့်တော့မည်မို့ သံယောဇဉ်အလွန်တွယ်ပြီး မိသားစုပမာပင်သဘောထားသည် ။ အမြွာတို့အဖေလေးက သားကိုရော သမီးကိုရော ရူးလောက်အောင် ချစ်တာ သူတို့အားလုံး အသိ။
ယခုလည်း အားလုံးထက် သူက ပိုပြီးနာကျင်နေရရှာမှာ မလွဲပေ ..

Who cares?「 ChanBaek 」Where stories live. Discover now