( Zawgyi )တကယ်တော့ ရုံးမှာအလုပ်ဆင်းနေတုန်း ဌာနတစ်ခုက အဖွဲ့မှူးမိန်းမ တစ်ယောက်နဲ့ သူ့အမျိုးသားတို့ ရန်ဖြစ်နေတဲ့မြင်ကွင်းကို Baekhyun မြင်တွေ့ခဲ့ရတာပါ ။
နေ့လည်ထမင်းစားချိန်မို့ အားလပ်ချိန်ခဏလေးမှာ အမျိုးသားဖြစ်သူက ရောက်လာတဲ့ပုံစံ ။
သားဖြစ်သူရဲ့ဆုပေးပွဲကိုလိုက်တက်ပေးဖို့ရယ် ရှူးဖိနပ်လိုက်ဝယ်ပေးဖို့ရယ် မှာကြားနေတဲ့ အမျိုးသားဖြစ်သူကို အဖွဲ့မှူးက over-time ဆင်းရမှာမို့ဈေးဝယ်မလိုက်နိုင်ကြောင်း အကျိုးသင့်အကြောင်းသင့်ရှင်းပြရင်းငြင်းခုန်နေကြတာ။သူတို့စကားများနေတာကို ကြားရတော့လည်း တချို့အတွေးတွေကနှိုးထလာပြန်ရော ။ မတတ်သာတဲ့အခြေနေတွေကြောင့် သားသမီးအပေါ် တာဝန်လစ်ဟင်းခဲ့ရတဲ့ မိဘတွေ ဘယ်နှယောက်တောင်ရှိနေပြီလဲဆိုတာ သိချင်လာမိတယ် ။
မကျေပွန်နိုင်ခဲ့ဘူးဆိုတာကလည်း သားသမီးဘဝကောင်းစားဖို့ ငွေရှာနေရတဲ့အခြေနေမျိုး ဖြစ်နေတော့ အဲ့ဒီမိဘက မှန်တာလား မှားတာလား အဖြေကရှုပ်နေပြန်ရော ။
ဒီလိုအဖြစ်မျိုး သူလည်း တစ်ခေါက်နှစ်ခေါက်မက ကြုံရဖူးတော့ စိတ်ထဲမှာလေးပင်လွန်းလှတယ် ။ သားသမီးကိစ္စနဲ့ပတ်သက်ပြီး Chanyeol နဲ့စကားများရန်ဖြစ်ရတဲ့အခါတွေဆိုရင် အဖွဲ့မှုးတို့လိုတောင်မဟုတ်နေခဲ့ဘူး ။
သူတို့နှစ်ယောက် မှာ အလျှော့ပေးမယ့်လူဆိုတာ သိပ်မရှိဘူး ။ ယောက်ျားသားနှစ်ယောက်ဖြစ်တဲ့အတွက် ရန်ဖြစ်ရတဲ့အခါဆို ဆူညံတယ်.. အပျက်အစီးများတယ် ။တစ်ခုသိချင်မိသွားတာတစ်ခုက.. မိဘတွေရန်ဖြစ်စကားများကြရင် သူတို့သားသမီးတွေ နေသာရဲ့လား ? Sebyul လေးရှိတဲ့ ထမင်းစားဝိုင်းမှာတောင် အခန့်မသင့်တာနဲ့ သူတို့ စကားများပြီးထထွက်သွားဖူးကြတာမို့ သမီးရင်ထဲမှာရော အပူအပင်တွေကင်းနေရဲ့လားဆိုတာ ရုတ်တရက် တကယ်စိတ်ပူမိသွားတယ် ။
ပြန်စဉ်းစားကြည့်တော့လည်း ရန်ဖြစ်စကားများကြရင် အာရုံတစ်ခုပဲရှိတော့ပြီး သားသမီးကိုမေ့သွားတတ်ကြတာပဲ ။ ကလေးဘယ်လိုခံစားနေရမလဲဆိုတာတွေ ထည့်မစဉ်းစားမိခဲ့ကြဘူးပဲ ။