° 10 °

2.6K 358 57
                                    


( Zawgyi)

Park .. Chae .. Young

စားပွဲကိုတတောက်တောက်ခေါက်ကာ စဉ်းစားတွေဝေနေမိပြန်သော အကြောင်းအရာသည် ထုံးစံအတိုင်းပင် ။

သက်သေအကုန်ဖျောက်ခံထားရတာမို့ သူငှါးထားတဲ့စုံစမ်းရေးအဖွဲ့ကလည်း ဘာမှ ထူးထူးခြားခြား သတင်းပို့စရာမရှိ ။ သားငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး ပိုင်ပိုင်နိုင်နိုင်ကြီး ပြောဆိုနေတဲ့လူက Baekhyun ဆီကို ပါဆယ်ဘူးတွေပို့ပြီးဖုန်းဆက်တဲ့ တစ်ယောက်သာရှိလေသည် ။

ဒါပေမယ့် အဲ့ဒီတစ်ယောက်ကလည်း နောက်ဆုံး စာပို့ပြီးတဲ့ချိန်ကစပြီး ဖုန်းထပ်မခေါ်တော့သလို ပါဆယ်ဘူးတွေလည်းထပ်မပို့တော့ဘူး ။

Baekhyun မှာ တွေးတောစရာတွေအရမ်းများလာခဲ့တယ်။ အမှုမှန်ပေါ်ဖို့ကြိုးစားရတာနဲ့တင် ပင်ပန်းလှပြီကို အမည်မသိတဲ့လူတစ်ယောက်အကြောင်းကိုပါ ထည့်စဉ်းစားနေရပြီ ။

P C Y ..

ဒီစာလုံးလေးတွေသာ နာမည်အတိုကောက်ဖြစ်မယ်ဆိုရင် သူတို့အိမ်မှာတင် PCY ဆိုတာ နှစ်ယောက်တောင်ရှိနေတာလေ ~ Chanyeol ရယ် .. Chaeyoung ရယ် ..

Park Chanyeol နဲ့ Park Chaeyoung တို့နှစ်ယောက်စလုံးကို သံသယဝင်မိပေမယ့် သူ့စိတ်ထဲမှာတော့ Park Chaeyoung ကိုပဲ မယုံကြည်နိုင်ဖြစ်နေရပါတယ် ။ တိကျတဲ့သက်သေတွေမရှိပါဘဲ စာတိုလေးတစ်ခုနဲ့တင် သူ Chaeyoung ကို သံသယဝင်ပစ်လိုက်နိုင်တယ် ။

Chanyeol ကိုတော့ သံသယမဝင်ရက်ဘူး..
မဟုတ်ဘူး.. သံသယမဝင်ရဲတာဆို ပိုမှန်မယ် ။

Chanyeol က သားရဲ့ ဖေဖေလေ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ.. ဟုတ်တယ်မို့လား ။

ကိုယ့်ယောက်ျားကို ကိုယ်မှမယုံကြည်ရင် ဘယ်သူက ယုံကြည်ပါတော့မလဲ ။ Baekhyun ခေါင်းတရမ်းရမ်းနဲ့ပါပဲ ။ ဒါပေမယ့်လည်း စိတ်ထဲမှာတော့ မရဲတရဲဖြစ်နေရပါတယ် ။

PCY က Park ChanYeol မဟုတ်ဘူးဆိုတဲ့
သက်သေလေးတစ်ခု ရတာနဲ့ ခုထပ်ပိုပြီး အများကြီးယုံကြည်လိုက်ဦးမှာ သေချာတယ် ။

Chanyeol ah..

ငါလည်း အရမ်း ပင်ပန်းနေပြီ.. ။

________________________

Who cares?「 ChanBaek 」Where stories live. Discover now