° 13 °

2.1K 338 38
                                    

(Zawgyi )

ရုံးခန်းထဲ၌ ..

အလုပ်စားပွဲ၏ရှေ့တည့်တည့်တွင်ရှိသော တစ်ယောက်ထိုင် ဆိုဖာခုံပေါ်တွင် Baekhyun ထိုင်နေပြီး ဘေးကဆိုဖာခုံပေါ်တွင်တော့ အမျိုးသမီးငယ်ဟာ သူမ ဦးထုပ်လေးသူ ကြေမတတ်ဖိကိုင်ထားရင်း ငြိမ်ဆိတ်စွာထိုင်နေလေသည် ။

ဧည့်ခံထားသော လက်ဖက်ရည်ခွက်ကလေးကိုလည်း နည်းနည်းမျှ မတို့ထိရသေးပေ ။

" ဒီတော့.. ကုမ္ပဏီကို ပါဆယ်တွေပို့နေတာက Yoo Junghun shi လား "

Baekhyun ကမေးတော့ ခေါင်းငုံ့ကာ ကြောက်ရွံ့နေသည့်မိန်းမငယ်လေးက အလန့်တကြားခေါင်းထောင်လာကာ လက်တခါခါဖြင့်..

" အာ.. arniyeyo ~ သမီး အခုမှ ဥက္ကဌကိုလာတွေ့ဖြစ်တာပါ ။ တခြားဘာမှမသိရပါဘူး "

သားငယ်အကြောင်းပြောမယ်လည်းဆိုသေး ပါဆယ်ပို့သူလည်းမဟုတ်ဘူးဆိုတော့ Baekhyun မျက်မှောင်ကြုံ့လိုက်မိသည် ။ ဒါဆိုရင် ဒီကောင်မလေးက ထပ်ပြီး သားငယ်သေဆုံးမှုကိုသိတဲ့နောက်တစ်ယောက်လား ။

ပုံစံကြည့်ရတာလည်း အသက်သိပ်ကြီးဦးမည့်ပုံမပေါ်ပါ.. အလွန်ဆုံးရှိမှ နှစ်ဆယ်ပေါ့လေ ။

" သမီးက.. Sebyul တို့နဲ့အတူ ကျောင်းတက်ခဲ့တဲ့ သူပါ "

" ဟမ် ? "

Baekhyun အံ့သြသွားရသည် ။
ဒါဆို ဒီကောင်မလေးက အိမ်ကသမီးနဲ့မှ ရွယ်တူပဲပေါ့ ။

ဘာတွေများသိထားတာလဲ..
နောက်ပြီး ဒီမိန်းမငယ်လေးက ဘာကြောင့်သူ့ကို သိပ်အားနာနေရတာလဲ ။

" အဲ့နေ့.. အဲ့နေ့က.. အိမ်တွင်းမှုဆောင်အသစ်ရဲ့ဘေးကစာကြည့်တိုက်မှာ.. သမီး .. ဟင့်.. ရှိနေခဲ့ပါတယ် "

ပြောရင်းဖြင့် Yoo Junghun အမည်ရှိ ကောင်မလေးမှာ မျက်ရည်များကျလာလေသည် ။ စိတ်လှုပ်ရှားအလွန်နေသည်လားမသိ ဦးထုပ်ကိုချေနေတဲ့ကောင်မလေးရဲ့လက်ထိပ်ကလေးများမှာလည်း နီရဲလို့နေပြီဖြစ်သည် ။ Baekhyun မျက်စိရှေ့မှ ကိုယ့်သမီးအရွယ်လောက်သာရှိသည့် ကောင်မလေးကိုကြည့်ကာ စိတ်မကောင်းဖြစ်လာမိ၏။ ကလေးမလေးကိုကြည့်ရတာ ဒီနေရာထိရောက်အောင် အများကြီးအားခဲလာခဲ့ရပုံပင် ။

Who cares?「 ChanBaek 」Where stories live. Discover now