( Zawgyi )ကျောင်းကန်တင်းမှာ ထမင်းယူဖို့တန်းစီနေသူတွေနဲ့ သွားလာနေသူတွေနဲ့ ရှုပ်နေချိန် Sebyul တို့အဖွဲ့ရောက်လာတယ် ။
Sebyul တို့က ကျောင်းထမင်း၊ကျောင်းဟင်းစားတဲ့လူတွေမဟုတ်ပေမယ့် ဒီနေရာမှာက..
" ဟဲ့ဟိုမယ် Lee Kangwoo "
ခါးကိုတံတောင်နဲ့တွတ်ကာ သူငယ်ချင်းက ပြောတော့ Sebyul ကျေနပ်သွားသည် ။
" ဟဲ "
ပြုံးလိုက်ပြီး အဖွဲ့လိုက် ဦးတည်သွားနေတာက Lee Kangwoo အမည်ရှိ ကျောင်းသားထမင်းစားနေသောစားပွဲရဲ့ဘေးသို့ ။
Lee Kang woo ဆိုတာ စကောလားရှစ်နဲ့ ကျောင်းရောက်လာတဲ့ ကောင်လေး ။ အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်နဲ့ စာပဲလုပ်နေတတ်တဲ့ အေးဆေးသမား ။ အဲ့ဒီကောင်လေးကို Sebyul ကြိတ်သဘောကျနေခဲ့တာတစ်နှစ်ကျော်ကြာခဲ့ပြီ .. မနှစ်ကအတန်းကတည်းကပေါ့ ။
ကိုယ်သဘောကျရတဲ့ကောင်လေးအနားသွားရမှာမို့ စိတ်လှုပ်ရှားပြီး ဆံပင်တွေခဏခဏသပ်နေသော Sebyul ကို လှမ်းကြည့်ကာ Chaeyoung တို့ လှောင်နေကြသည် ။
ကန်တင်းအပေါက်ဝမှာ မှီရပ်နေကြတဲ့သူတို့အုပ်စုကို Sebyul တို့ကမမြင် ။
" ကြည့်ပါဦး..လူတိုင်းကို လိုက်မောက်မာနေတဲ့ကလေးမက ဒါမျိုးကျ စပ်ဖြဲဖြဲနဲ့ "
Minhyuk ကပြောတော့ အားလုံး Sebyul ကို လှမ်းကြည့်ပြီး ခေါင်းတစ်ရမ်းရမ်းဖြင့်ရယ်ကြပြန်သည် ။
" သူ့အဖေ Byun Baekhyun သာသိရင် ဒီကလေးမ ဘာဖြစ်မလဲမသိဘူး .. ဒီလိုပုံနဲ့များ Top 2 ထဲကိုပါချင်သေးတယ် ရနေဦးမယ်အားကြီးကြီး "
" ကြောက်ရောကြောက်ပါ့မလားဟဲ့.. မကြောက်လို့လုပ်နေတာပေါ့ "
" အမလေးဟယ် လေးချန်းကိုသာ မကြောက်ရင်မကြောက်မယ်.. သူ့အဖေ Byun Baekhyun ကိုတော့ တုန်နေအောင်ကြောက်တာ.. ဟိုကမျက်လုံးကြီးပြူးပြီးဟိတ်ဆိုတာနဲ့တင် ဒီကလေးမကတုန်ချင်နေပြီ ဟားဟား ရယ်ရတယ်.. ငကြောက်မ "
Sebyul ကိုမကျေနပ်စခန်းဖွင့်နေရင်း Chaeyoung က Jangmi ကိုပခုံးပုတ်ပြီး အစီစဉ်စဖို့ အချက်ပြလိုက်တယ် ။
YOU ARE READING
Who cares?「 ChanBaek 」
FanfictionWho said? Who cares? _______________ by: slaysakura