Zawgyi" ဝါး.. CEO Byun က ခုထက်ထိ နုပျိုနေတာပဲနော် ဘာဆေးတွေစားတာတုန်းဗျ "
" အဟ.. မနုရပါဘူးဗျာ အလုပ်ကတစ်ဖက်၊သမီးကတစ်ဖက်နဲ့ ကျွန်တော်မှမအိုရင် ဘယ်သူမှမအိုတော့ဘူး "
" ဟားဟားဟား "
စားပွဲကိုတက်ရောက်လာကြတဲ့ဖိတ်ကြားထားသောဧည့်သည်တွေကိုလိုက်လံဧည့်ခံရင်း ခြံဝန်းကြီးထဲ၌ အရောင်အသွေးစုံကာ လှပနေသည်ကို ခြုံငုံကြည့်မိတာခဏခဏ ။
အကျဉ်းချုံးပဲကျင်းပချင်လို့ အိမ်မှာပဲညစာစားပွဲလုပ်ပါတယ်ဆို လုပ်သည့်ပွဲကပင် မီးရောင်စုံ၊အစားအသောက်အလျှံအပယ်ဖြင့် လွန်စွာခမ်းနားနေပြန်သေးသည်။
တက်ရောက်ဂုဏ်ပြုပေးတဲ့လူအများနဲ့ စားပွဲတွေကြောင့် ခုလိုကျလည်း စတင် လက်ထပ်ထိမ်းမြားခဲ့တဲ့နေ့ကိုသတိရမိသားပေ ။ ဆယ်စုနှစ် နှစ်စုစာလောက်တောင်ရှိရော့မယ်.. တည့်သာမတည့်ကြတာ ဒီယောက်ျားနဲ့ပဲ အိုမင်းဖြစ်နေတာပါပဲ ။
" appa သမီးသူငယ်ချင်းတွေလာနေပြီ အိမ်ထဲခေါ်သွားမယ်နော် "
မတ်တပ်ရပ်ကာ ဝိုင်ခွက်လေးလှုပ်ပြီးငေးတွေးနေတုန်း ပိုးဖဲဂါဝန်နှင်းဆီရောင်လေးဖြင့် Sebyul က ဂါဝန်ကြီးမ ကာ ပြေးလာသည် ။
" အင်းအင်း သက်သက်စားချင်တာရှိရင် စားဖိုမှုးကိုလုပ်ခိုင်းလိုက်နော် "
" ဟီးး nae appa "
" ဟဲ့ကလေး ဖြေးဖြေးသွား လဲမယ် ! "
" nae appa !! "
အမြန်လှမ်းအော်လိုက်ပေမယ့် Sebyul ကတော့ ပျာတိပျာယာနှင့် ဂါဝန်စကြီးမကာ တောင်ပြေးမြောက်ပြေး လုပ်နေစမြဲပင် ။
ဒီကလေးမလေးကတော့လေ ကစားကွင်းကျနေရော ။
ဧည့်သည်တချို့ကမမြင်ဖူးတာမို့ မိတ်ဆက်ပေးချင်လို့လာပါဦးဆိုလည်း ဂျစ်ကန်ကန် ။ ခုတော့ သူဖိတ်ထားတဲ့ သူငယ်ချင်း သုံးယောက်လောက်ကိုခေါ်ပြီး အိမ်ထဲပါ ဝင်သွားလေပြီ ။ အစက
ဂုဏ်ပြုပွဲမလုပ်ချင်ဘူးဘာညာသရကာနဲ့ဆိုးပေနေပေမယ့် Chanyeol ကရှင်းပေးတော့လည်း Lee Kangwoo ဆိုတဲ့ကလေးကကျောင်းထွက်ခွင့်မရသလို Park Chaeyoung ရဲ့မကောင်းသတင်းကလည်းအကြီးကျယ်ထွက်သွားတော့ ပါးစပ်ပေါက်တွေလည်းပိတ် Sebyul လည်း စိတ်ကျေနပ်သွားတယ် ။