(Unicode)
နှစ်ယောက်သားအတူ အိမ်ပြန်ရောက်လာကြအပြီး တစ်နာရီလောက်ကြာသည်အထိ Sehun နဲ့ Jongin ဆီမှဘာအသိပေးချက်မှမရသေးပါ ။
ယောက်ျားသားတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်ကိုဖမ်းဖို့ အဲ့လောက်တောင်ခက်သလားဟုပင် အတွေးဝင်မိသည် ။ သို့ပေမယ့် Jung Jaemin ကလည်း ခေသူမှမဟုတ်ပဲလေ ၊ ဉာဏ်နီဉာဏ်နက်တအားများမယ့်လူ ။ သူ့နောက်ကွယ်ကနေ Park Taesuk ကလည်း ပြေးဖို့ရာအတွက် ကူညီချင်ကူညီပေးနေဦးမှာမို့ စိတ်ရှည်ရှည်ထားရမယ် ။ မည်သို့ပင်ဖြစ်စေကာမူ ဖမ်းမမိလို့ကတော့မဖြစ်ချေဘူးမလား ။ Jung Jaemin လည်း ရိုးသားတဲ့လူတစ်ယောက်မဟုတ်ဘူး ၊ အဲ့သည်တစ်ချက်နဲ့တင်ခွင့်လွှတ်ပေးစရာအကြောင်း ၊ လျှော့ပေါ့ပေးစရာအကြောင်း ဘာတစ်ခုမှမရှိတော့တာလေ ။" ရေလေးချိုးလိုက်ပါလား Hyun "
" ငါစိတ်မပါသေးဘူး "
Baekhyun ကတော့ သူအချိန်အတော်ကြာယုံကြည်ခဲ့တဲ့ အတွင်းရေးမှူး ရဲ့နောက်ကျောကထိုးတဲ့ဓားကြောင့် အလွန်တရာမှ စိတ်ရုှပ်နေပုံပေါ်သည် ။ မတော်လို့များ သူတို့တွေးနေကြသလို
Jaemin ရဲ့သားက Taesuk ရဲ့သားဆိုတာသာ အမှန်ဖြစ်နေရင် Baekhyun တော့ လဲပဲကျသွားမလား၊ဆွဲပဲထိုးမိမလားတောင်မသိချေ ။ ကိုယ့်ပိုက်ဆံတွေ၊အကြင်နာတွေ အားလုံးကို အဲ့ဒီကလေးလေးဆီခွဲဝေပေးခဲ့တာ ဒီလိုမျိုး ရန်သူ့သားတစ်ယောက်အဖြစ်နဲ့အသက်ဆက်ရှင်ဖို့မှမဟုတ်ဘဲ ။" ငါထိုင်စောင့်မယ် ဒီကနေပဲ "
ပြောရင်းဖြင့် Baekhyun က ဧည့်ခန်းထဲကဆိုဖာတစ်ခုတွင် နေရာဝင်ယူလိုက်သည် ။ Chanyeol လည်းသက်ပြင်းချကာ Baekhyun ရဲ့နဘေးသို့ တင်လွှဲထိုင်ပြီး အနည်းငယ်မျှအားဖြစ်စေရန်အလို့ငှါ လက်ကလေးတစ်ဖက်အားဆုပ်ကိုင်ထားပေးလိုက်သည် ။
" မင်းကို ကိုယ်ပြောခဲ့ရမှာ.."
" ဘာကိုလဲ "
" မင်းသဘောကျတဲ့အတွင်းရေးမှူးကို ကိုယ်သိပ်မယုံဘူးဆိုတဲ့အကြောင်းလေ မင်းကသူ့ကို ကိုယ့်ထက်တောင်ပိုအားကိုးတော့ ပြောရင်လည်း ကိုယ်ကပိုတယ်ဖြစ်မှာစိုးလို့ မပြောခဲ့တာ"
Chanyeol က နှစ်ကိုယ်ကြား ကြားရုံမျှအသံလေးနှင့်ပြောပြီး Baekhyun လက်ကလေးကို ပိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည် ။
Chanyeol က ထိုကဲ့သို့ပြောလာတော့လည်း Baekhyun ထပ်ပြီးစိတ်မကောင်းဖြစ်ရပြန်သည် ။ တရားဝင်လက်ထပ်ထားတဲ့သူ့ကိုတော့ ဆိုးတိုင်ပင်ကောင်းတိုင်ပင်မရှိခဲ့ဘဲ အနီးနားက သူစိမ်းတွေကို ပိုအားကိုးနေမိခဲ့တာပဲလေ ။