Zawgyi
အထက်တန်းနောက်ဆုံးနှစ် ကျောင်းကော်ရစ်တာတစ်လျှောက်မှာ ဆူညံနေတဲ့ မနက်ခင်းတစ်ခု ။
အကြွေစေ့ဖြင့် အအေးဘူးထုတ်ရတဲ့ စက်တွေမှာရော.. စာသင်ခန်းဝတွေမှာပါ ကပ်ထားတဲ့ စာရွက်တွေက အားလုံးတစ်ထေရာထဲတူနေပြီး
- Park Sebyul က Lee Kangwoo ကို
ကြိုက်နေတယ် -ဆိုတဲ့စာသားကို bold letter မည်းမည်းကြီးဖြင့် အကြီးကြီးရေးထားတာဖြစ်သည် ။
စိတ်ဝင်တစား လိုက်ကြည့်နေသူတွေရယ်..
စာရွက်တွေပြန်လိုက်ခွာနေတဲ့ Sebyul သူငယ်ချင်းကောင်လေးတွေရယ်နဲ့ ရှုပ်ယှက်ခက်လျှက်ရှိနေ၏ ။Lee Kangwoo ဘယ်သူမှန်းမသိတဲ့လူတွေကလည်း မေးမြန်းပြောဆိုရင်း Sebyul တို့စာသင်ခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်ခြေတွေရှုပ်နေကြတယ် ။
ကျောင်းထဲဝင်လာတာနဲ့ ခါတိုင်းလိုမဟုတ်ဘဲ ကွက်ကြည့် ကွက်ကြည့် လုပ်ခံနေရတာကြောင့် Kangwoo တစ်ယောက် ခေါင်းတစ်ကုပ်ကုပ် ။
ဘာမှလည်းမလုပ်ထားမိပါဘဲ သူ့ကိုကြည့်ပြီး တီးတိုးပြောနေကြတာကို ခုထိနားမလည်နိုင်သေးပေ ။
အတန်းဆီကိုရောက်တဲ့ထိ တန်းတန်းမတ်မတ်လာပြီးနောက်မှ စာသင်ခန်းရှေ့ကနေ ပိတ်ပြီး လူဆိုးမျက်နှာပေးနဲ့ Junseok က သူ့ကို လှောင်သလိုရယ်ပြနေကာ..
" ရား Lee Kangwoo .. ကုပ်ကုပ် ကုပ်ကုပ်နဲ့ စာပဲကြိုးစားနေတယ်မှတ်တာ သူဌေးသမီးကို အထာတွေပေးနေတာပဲဟ ဝိုး "
Junseok ပြောသည်နှင့် နဘေးက ကျောင်းသားတွေကလည်း ဟီးဟီးဟားဟားဖြင့် ဝိုင်းရယ်ကုန်ကြသည် ။ အစကတည်းက သူ့ကိုမနာလိုနေတဲ့အုပ်စုပဲဟာ.. ဝိုင်းလှောင်တာရယ်တာလောက်ကတော့ သူ ရိုးအီနေပါပြီ ။
ဒါပေမယ့် သူဌေးသမီးကိုအထာတွေပေးတယ်ဆိုတဲ့စကားကတော့ ရှင်းဖို့လိုလာလေပြီ။သူ ဘယ်ကျောင်းသူကိုမှ ချစ်ယောင်ကြိုက်ယောင် လုပ်ပြခဲ့ဖူးတာမျိုးမရှိဖူးဘူး ။ ခက်ခဲတဲ့မိသားစုမှာကြီးပျင်းလာရတဲ့ကောင်မို့ ချမ်းသာပြီးကောင်းကောင်းနေ ကောင်းကောင်းစားချင်တာတစ်ခုပဲ စိတ်ထဲရှိတယ် ။ ဘာလို့ လူတွေက သူနားမလည်နိုင်တဲ့စကားတွေကို ပြောနေရတာလဲ ?