(Zawgyi )စာကြည့်ခန်းထဲမှာရှိတဲ့ မီးခံသေတ္တာထဲက ကီးချိန်းလေးတွေကို ကြည့်ကာ Chanyeol ခနဲ့ပြုံး ပြုံးမိသည် ။
အကြောင်းအရင်းမရှိဘဲ ဈေးကွက်ထဲကပျောက်ချသွားတဲ့ ဒီ ဂျိုကာကီးချိန်းတွေရဖို့အတွက် သူ အဆက်အသွယ်တွေပါ ရှာပြီး ပြန်ဝယ်ထားခဲ့ရတာ ။
အင်း..
ဒီအရုပ်ကိုမှ ရူးသွပ်ပါတယ်ဆိုတဲ့ကလေးတစ်ယောက်ကို ဖြေးဖြေးချင်း လက်ဆောင်ပေးဖို့အတွက်လေ ။
အတိတ်ဆိုးတွေရှိခဲ့လို့ မမြင်ချင်လောက်အောင်
ဖြစ်နေရင်တောင် ခွင့်မပြုနိုင်ဘူး ။ သူကတော့ တစ်သက်လုံး အမှတ်ရနေအောင် ဒီကီးချိန်းတွေ ပေးနေဦးမှာပဲ ။.
.
.
စကားလုံးလှလှသုံးရမယ်ဆိုရင်တော့ ဒါဟာ
အလျော်အစားပေါ့ ..သားက မင်းဆီကနေ ဒီကီးချိန်းလေးဆွဲ ဖြုတ်ယူသွားတာမို့လား..ငါက သားအဖေမို့ သူ့အစား အများကြီး ပြန်ဝယ်ပေးတယ်လို့ သဘောထားပေါ့လေ ။
_________________________
ကြီးမားသော နာမည်ကြီးဆေးရုံတစ်ခုရဲ့ VIP အခန်းတစ်ခန်းထဲမှာ ကလေးတစ်ယောက်ဟာ
အပြင်က နေရောင်ခြည်နဲ့အတူ လေအေးအေးလေးတွေကို ခံစားရင်း ငေးမောလို့နေတယ် ။သေးငယ်သောမျက်ဝန်းလေးတွေ..
ရဲဆွေးနေသော နှုတ်ခမ်းဖူးလေးတွေ..
ထိုကလေးငယ်၏ အရာအားလုံးကလှပပြီး ချောမောလွန်းတဲ့ လူငယ်လေးတစ်ယောက်ဆိုတာ မလိမ်ညာသောစကားပင် ။
ဒါပေမယ့် ကလေးငယ်ရဲ့ ဘဝဇာတ်ကြောင်းကတော့ သူ့မျက်နှာလေးလို လှပမနေခဲ့ပါဘူး ။
* clip *
ချိတ်ဆတ်ထားသော ဆေးပိုက်တွေအကြား ဆေးရုံအဝတ်စားနဲ့ထိုင်ငေးနေတဲ့ ထိုကလေးကိုကြည့်ဖို့ရာ အသက်ခပ်လတ်လတ် လူကြီးတစ်ယောက် ဝင်လာတယ် ။
အဲ့ဒီလူကြီးရဲ့ နာမည်က Jung Jaemin လို့ခေါ်ပြီး ဒီကလေးငယ်ရဲ့ အဖေနေရာကနေ ကြည့်ရှုစောင့်ရှောက်ပေးထားတဲ့ ဟော့ဒီကောင်ချောလေးရဲ့ ကျေးဇူးရှင်ပေါ့ ။
YOU ARE READING
Who cares?「 ChanBaek 」
FanfictionWho said? Who cares? _______________ by: slaysakura