(Unicode)
နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာခဲ့ပြီးနောက်မှာတော့ ပတ်အိမ်တော်သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပြီဖြစ်သည် ။
သားသမီးချင်းလဲပြီး ကလေးတွေတစ်သက်လုံးလိမ်လည်လှည့်ဖျားခဲ့သည့်အပေါ် Mr.Park JeongSeok သည်လည်း သက်ညှာမပေးခဲ့ ။
လုပ်ပိုင်ခွင့်အကုန် Chanyeol လက်ထဲသို့အပ်နှင်းကာ Parking ရဲ့ဦးခေါင်းနေရာကနေ ဆင်းသွားခဲ့သည် ။ ကြိုးစားပမ်းစား ဝယ်ထားခဲ့ရတဲ့ ဂန်းနမ်က မြေကွက်ပေါ်မှာလည်း အမြန်ဆုံးအိမ်ယာဆောက်ဖို့ စတင်အကောင်အထည်ဖော်ခဲ့ကြသည် ။ Parking ရဲ့ ဦးဆောင်သူနေရာကို Chanyeol က တက်ပြီး ပိုမိုခက်ခဲသည့် အလုပ်ကိစ္စများကို ကိုင်တွယ်နေရပြီဖြစ်သည် ။တရားရေးရာကိစ္စတွေကို Jongin နှင့် Sehun က စွမ်းစွမ်းတမံ ကူညီပေးပြီး တိကျတဲ့ပစ္စည်းသက်သေတွေ၊လူသက်သေတွေကြောင့် တစ်ယောက်မကျန်ကို ခြေချုပ်မိခဲ့သည် ။ သို့သော် ကြားထဲတွင် Park Taesuk ဘက်က ရှေ့နေ၏ ဇွတ်အတင်း ကာကွယ်မုှတွေကို ရင်ဆိုင်ခဲ့ရသေးသည် ။
လူသတ်မှုမှာ ကြံရာပါတွေ ဆိုပြီးတရားစွဲဆိုခဲ့တာဟာအောင်မြင်ပေမယ့် ကလေးချင်းလဲပြီး လိမ်လည်စည်းစိမ်ခံခဲ့တဲ့ကိစ္စသည် သက်သေနည်းသလို ထောင်ကျဖို့ရာအတွက်လည်း အားပျော့လွန်းသည် ။ သို့ပေမယ့် Wang Haeyeon ဟူသောအမျိုးသမီးကိုယ်တိုင်က မွေးဖွားသောမြေးငယ်သည် တစ်ဦးတည်းသာဖြစ်ကြောင်း.. အမြွှာကလေးနှစ်ယောက်သည် ပတ်အိမ်တော်မှမဟုတ်ကြောင်းလာရောက်သက်သေခံပေးခဲ့သည် ။ ခွင့်လွှတ်နိုင်စရာမရှိ ။ သူမသည် မြေးအစစ်ဖြစ်တဲ့ Shinwoo အတွက် တရားမျှတမုှရှိစေချင်တဲ့စိတ်တော့ရှိသည် ။ ကလေးတစ်ယောက်ကို လူတစ်လုံးသူတစ်လုံး မစောင့်လျှောက်နိုင်လျှင် ဘာ့ကြောင့်မွေးဖွားကြဦးမလဲ ။
မသမာတဲ့လုပ်ရပ်အကုန် ရေပေါ်မှာ ဘူးပေါ်သလို ပေါ်ခဲ့ပြီး မနက်ခင်းထုတ် သတင်းစာခေါင်းစီးတွေမှာပါ နေရာယူသွားခဲ့သေးသည် ။
ထိထိမိမိအရေးယူဖို့အတွက်ကတော့ လူသတ်မုှ တစ်ခုတည်းနှင့်တင် လုံလောက်၏။ အဓိကကျူးလွန်ခဲ့သူ Park Minhyuk (17) နှစ် နှင့်တကွ ကြံရာပါအားလုံးသည် ဥပဒေဘောင်အတွင်းကလုပ်ထုံးလုပ်နည်းများအတိုင်း တရားရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ ကိုယ်စီ အပြစ်ဒဏ်ပေးခံခဲ့ရသည် ။