° 31 °

2.9K 401 63
                                    

(Unicode)

Park Shin Woo တက်ရောက်ကုသနေသည့် ဆေးရုံ၌ဖြစ်သည် ။ Shinwoo  အခန်းရှိသည့် အထပ်မှာပဲ အခန်းတစ်ခန်းယူပြီး အနီးကပ်ထောက်လှမ်းနေသော လူယုံ ကောင်လေးမှာ နည်းလမ်းပေါင်းစုံဖြင့်ပင် Shinwoo ၏ ဇစ်မြစ်ကို သိရအောင်ကြိုးစားပေးလျက်ရှိသည် ။

Shinwoo မှာ များသောအားဖြင့် အခန်းထဲက အခန်းအပြင်ပင် ထွက်မလာတက်သောကြောင့် အစပိုင်းမှာ ရင်းနှီးဖို့ရာ မလွယ်ကူခဲ့သလို ကြံရာမရလည်းဖြစ်ခဲ့ရသည် ။ သို့သော် ဆေးရုံအဝန်းထဲဆင်း၍ လမ်းလျှောက်ချိန်တွေမှာ အနားသို့သွားပြီး ခင်မင်စွာ စကားပြောကြည့်တော့လည်း Shinwoo က ကြည်ကြည်ဖြူဖြူပဲ စကားပြန်ပြောခဲ့သည် ။ အသက် (19) နှစ်အရွယ်ရှိပြီဖြစ်သော အနီးကပ်ကြည့်ရှုနေသူ ကောင်လေး၏အမည်မှာတော့ Han SeoJun ဖြစ်သည် ။

Seojun နှင့် Shinwoo သည် အညောင်းပြေ၊အညာပြေလမ်းလျှောက်ချိန်တွေမှာသာ စကားကြာကြာပြောဖြစ်ပြီး ကျန်အချိန်တွေမှာတော့ ကိုယ့်အခန်းထဲကိုယ်နေတာသာများသည် ။ ရောဂါကြောင့်ကုသနေရတာမဟုတ်ဘဲ တာဝန်အရသာ လာရောက်ချဉ်းကပ်ပြီး နေနေရသူ Seojun ကတော့ Shinwoo ၏အခန်းထဲသို့ပင် ကြံဖန်အလည်သွားကာ ရရင်ရသလို စကားနှိုက်နေတတ်သည် ။ ဘယ်အချိန်များ အခန်းထဲကထွက်လာမလဲဆိုတာကိုလည်း ကြောင်က ကြွက်ကိုချောင်းသလို ချောင်းရသေး၏။

စတင်ရောက်လာသည့်နေ့မှစ ယခုချိန်အထိဆို
သူသိထားရသည့် အချက်အလက်မှာ သိပ်ထောင့်မစေ့သေးပေမယ့် မရိုးသားတဲ့ကိစ္စမှန်းတော့ပိုသေချာလာပြီးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် Jung Jaemin ဆိုသော အမျိုးသားဟာ သူ့ရဲ့အဖေအရင်းမဟုတ်ကြောင်းနဲ့ နေဝန်းနီ မိဘမဲ့ဂေဟာမှာရှိခဲ့တုန်းကအမှတ်တရတွေကိုပါ Shinwoo က သူ့အား ပြောပြခဲ့ပြီးဖြစ်သောကြောင့်ပင် ။ အသက်ရှင်ရမယ့်ရက်တွေကို လာဆွဲဆန့်နေရပြီး သေမှာ သေချာနေတဲ့ရောဂါကို ခံစားနေရသူလို ဟန်ဆောင်နေတဲ့ Seojun ကို Shinwoo က ယုံကြည်သောကြောင့် ပြောပြခြင်းဖြစ်သည် ။ မဟုတ်လည်း သေလူပမာမို့ နှုတ်လုံတဲ့သာမန်ရောဂါသည်တစ်ဦးလို့သာ ထင်မြင်ပြီး မြိုသိပ်ထားခဲ့ရတဲ့ အမှန်တရားအချို့ကိုပြောမိခဲ့၏။

Who cares?「 ChanBaek 」Where stories live. Discover now