° 34 °

2.8K 386 77
                                    

(Unicode)

" Park Minhyuk ထစမ်း စာမေးပွဲ ဖြေရမှာကို မသိတာလားဘာလဲ..ဒီလိုပဲရူးကြောင်ကြောင်လုပ်နေတော့မှာလား! "

" ဟင့်အင်း မသွားချင်ဘူး မသွားချင်ဘူး "

" မသွားချင်လို့မရဘူး ထစမ်း!! နင်တို့ကြောင့် ငါတို့မျက်နှာမငယ်ချင်ဘူးနော်..ခုထ အကျီ ၤလဲ နောက်ကျနေပြီ "

ကုတင်ရင်းတွင်ထိုင်ကာ ဘာမှမပြင်မဆင်ဘဲ နေနေသော Minhyuk ကို Mina မှ အတင်းဆွဲထူနေပြီး ကျောင်းဝတ်စုံလဲပြီး အားလုံးအဆင်သင့်ဖြစ်နေတဲ့ Chaeyoung ကတော့ ဘေးကနေ အသာလေးရပ်ကြည့်နေသည် ။

ညကဖြစ်သွားတဲ့ပြဿနာတွေကြောင့် ထိတ်လန့်သွားတယ်ဆိုရအောင် Park Minhyuk ကအဲ့လောက်ပျော့ည့ံတတ်တဲ့လူစားမျိုးမဟုတ်ပါဘူး ။ ကြောက်ရွံ့နေပြီး ဘယ်သူနဲ့မှမတွေ့ရဲ၊ဘယ်ကိုမှမသွားရဲတော့တဲ့ပုံစံမျိုးဖြစ်နေတာကို Chaeyoung လက်သင့်မခံနိုင်တော့ဘူး ။ တစ်ဖက်က စွပ်စွဲပြောဆိုနေကြတာကို မဟုတ်ကြောင်းသက်သေပြပြီး သေမတတ်ပြန်တောင်းပန်ခိုင်းရမှာ ။ ခုတော့ Park Minhyuk စောက်ရူးလိုလုပ်နေတာတွေကိုပဲ မြင်နေရတယ်လေ ။

" ဟဲ့ နင့်ကိုလူသတ်ကောင်လို့ပြောတာနဲ့ပဲ ဒီလောက်တောင်ကြောက်သွားရလား ၊ နင်ကတကယ်သတ်လိုက်တာမို့လို့လား ! "

Mina ကလက်ကနေဆွဲခေါ်ပြီးအတင်းထခိုင်းနေတာတောင် ပေကပ်နေတာကြောင့် Chaeyoung က စိတ်မရှည်တော့ပဲ ဝင်အော်လိုက်သည် ။ လက်ပိုက်ရပ်ကာ စိတ်အလိုမကျသောမျက်နှာပေးနဲ့ Chaeyoung ကို Minhyuk က အထိတ်တလန့်ကြည့်လာပြီး..

" တိတ်တိတ်နေ Park Chaeyoung.. နင်ပဲသွား ၊
ငါစာမေးပွဲ ဖြေချင်စိတ်မရှိတော့ဘူး "

" Ok လေ အဲ့တော့လည်းနေခဲ့ပေါ့ "

Chaeyoung က စိတ်မရှည်တော့ဘဲ လက်ပိုက်ရင်း အခန်းထဲကနေ ကျော့ကျော့မော့မော့ ထွက်သွားတော့သည် ။ Chaeyoung ရဲ့အမြင်က Minhyuk ကို စွပ်စွဲနေကြတယ်လို့ပဲ မြင်တာကိုး ။ တစ်ဖက်ကရို်င်းရိုင်းစိုင်းစိုင်း ဝိုင်းစွပ်စွဲနေတာကို Minhyuk က မဟုတ်ကြောင်း ပြန်မပြောနိုင်တဲ့အပြင် စာမေးပွဲ မဖြေတော့ဘူးဆိုရအောင်ထိ ကြောက်သွားတော့ သူမ စိတ်ပျက်နေမိတာ ။

Who cares?「 ChanBaek 」Where stories live. Discover now