Page 18

21K 2.8K 70
                                    

လပ်ကီးကို လက်တစ်ဖက်မှ ပွေ့ချီထားသော မိုင်စိုင်းသည် ကျန်လက်တစ်ဖက်ကတော့ ခေါင်လွမ်း စီးနေသည့် စက်ဘီးလေးကို ထိန်းကိုင်ပေးထားရင်း ဗျာများနေရ၏။

"လွှတ်လိုက်တော့မယ်"

"မလွှတ်နဲ့"

စည်းချက် မှန်မှန် နင်းနိုင်ပြီး ဖြစ်၍ လွှတ်ပေးမည်ဟု ပြောလိုက်သော်လည်း ထိုကောင်လေးသည် အလန့်တကြား တားသည်။ လှုပ်ရွနေသော ခွေးလေးနှင့် အပြိုင် ယိုင်တိုင်တိုင် စက်ဘီးကို ထိန်းပေးနေရသော မိုင်စိုင်းမှာ စိတ်ရှုပ်နေဟန်မတူ။ ပြုံးရွှင်နေသည့် မျက်နှာသွင်ပြင်မှ ဖော်ပြနေသည်က ပျော်ရွှင်နေပါသည်တဲ့။

"ကိုယ် လက်လွှတ်လိုက်ပြီနော် လွမ်းငယ်"

စက်ဘီလေးသည် အစမှာတော့ ဟိုယိမ်းသည်ယိုင် ဖြစ်နေသော်လည်း နောက်ဆုံးမှာတော့ ဟန်ချက် ညီအောင် ထိန်းသွားနိုင်သည်။ သူ၏ အကူအညီမပါတော့ဘဲ နင်းတတ်သွားသည့် ကောင်လေးသည် အတောင်စုံလို့ ပျံသန်းတတ်သွား သည့် ငှက်ကလေးသဖွယ်။ လေဆန်ကို
ထိုးဖောက်ခွင်းကာ အရာရာကို ရင်ဆိုင်တော့မည့် ပုံစံမျိုး။
ပုခုံး ထိလုနီးပါ ရှည်နေသော ဆံနွယ်တို့သည် ချည်နှောင်ခြင်း မရှိသောကြောင့် လေတစ်ချက် ဝှေ့လိုက်တိုင်း တလွင့်လွင့် ဖြစ်နေတော့၏။

တိမ်ကင်းစင်နေသည့် အပြာရောင် မိုးကောင်ကင်၌
နေရောင်ခြည်သည် အပိုင်စားရ၏။ ထို့အတူ ပိုင်စိုးသူ ကင်းမဲ့နေသည့် မိုင်စိုင်း၏ နှလုံးသားလေးသည်လည်း ခေါင်လွမ်းဟူသည့် အဖြူရောင် အမျိုးသားငယ်လေးသည် အပိုင်စားရပါ၏။ စက်ဘီးစီး သင်ချင်တယ်ဟူသော
လေသံတိုးတိုးလေးကြောင့် လွမ်းငယ်နှင့်အတူ
သည်ကွင်ပြင်းဆီသို့ လာနေသည်မှာ ယနေ့နှင့်ဆို
နှစ်ရက်မြောက် ရှိပြီ။ ယနေ့တော့ သူတို့နှစ်ဦးနှင့်အတူ လပ်ကီးလေးပါ ပါလာ၏။ လူကို စတွေ့တုန်းကတော့ တဝုတ်ဝုတ် ဟောင်ရင်း ရန်ထောင်ခဲ့သည့် ခွေးလေးသည် ယခုတော့လည်း ပိုက်ထားသည့် အတိုင်းလေး နေနေ၏။

သို့ပေမဲ့ လိပ်ပြာလေးတွေ အနားလာသည့် အချိန်၌တော့ တစ်ချက်၊ တစ်ချက် ဟောင်ရင်း လက်လေးတွေနှင့် လိုက်ဖမ်းဖို့ ကြိုးစားသေးသည်။ ယခုအချိန် မိုင်စိုင်၏ စိတ်ထဲ၌ စက်ဘီးစီးနေသည့် အဖြူရောင် ကောင်လေးနှင့် အမွေးပွ ခွေးဖြူလေးသာ ရှိတော့၏။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now