Page 39

21.1K 2.7K 56
                                    

မနက်ခင်း ဝေလီဝေလင်း အချိန်သာရှိသေးပေမဲ့
နေရာသစ် တစ်ခုဆီသို့ ချီတက်ဖို့ အသင့် ဖြစ်နေကြသူများသည်တော့ တက်ကြွနိုးကြားမှု အပြည့်ဖြင့်။ ထိုလူသားတွေထဲ မိုင်စိုင်း၏
ဂွမ်းလုံးလေးတော့ မပါ။ မနက် သုံးနာရီခွဲကတည်းက ထရသည့်အတွက် မျက်လုံးလေးများမှာ မှေးစင်းနေကာ
မကြာခဏ သန်းဝေနေသည်။ အချိန်သည် မနက်လေးနာရီခွဲသာ ရှိသေး၍ ငါးနာရီအတိမှ ထွက်မည့် ကားလေး၌ လူတစ်ဝက်ခန့်သာ ရှိသေးသည်။
နေရာအသစ်၌ စိတ်သစ်၊ လူသစ်ဖြင့် ဘဝအသစ် တစ်ခုကို စတင်ရတော့မည့်အတွက် မိုင်စိုင်း၏ စိတ်ထဲ အနည်းငယ်တော့ လှုပ်ရှားမိပါသည်။ ချစ်ရသူနှင့်အတူ ဖြတ်သန်းရတော့မည့် ခရီးစဉ်တစ်ခုကို ကြိုတွေးရင်
မိုင်စိုင်း စိတ်လှုပ်ရှားကာ ပျော်ရွှင်နေမိပြန်သည်။

"သည်းငယ် အိပ်ချင်နေတာလား"

"အွန်း"

အိပ်ရေးမဝသည့် ကောင်လေးသည် စိတ်တိုနေသည့် ကလေးငယ်လေးလို နှုတ်ခမ်းစူ၍ ဖြေလာသောကြောင့်
မိုင်စိုင်း၏ ရင်ထဲ၌ မြတ်နိုးမှု ဟူသော လှိုင်းကလေး ဖြတ်သန်းရပြန်၏။

"အနွေးထည် သေချာဝတ်နော် သည်းငယ်။ မကြာခင် အေးလာတော့မှာ"

ထိုသို့ပြောရင်း အနွေးထည်ရှိ ဇစ်လေးကို လည်ပင်းထိ ဆွဲတင်ပေးတော့ မျက်လုံးလေးမှေးကာ ငြိမ်ငြိမ်လေး ငိုက်နေပြန်သည်။

"သည်းငယ်က တကယ့် အူးယားစရာ ကောင်လေးပဲ"

မိုင်စိုင်း၏ စကားကိုတော့ ထိုကောင်လေး ကြားဟန်မတူ။
ကားမှန်ဘက်သို့ မှီရင်း ကွေးကွေးလေး အိပ်ငိုက်နေ၏။
မျက်လုံးလေးတွေကို အားတင်းကာ ဖွင့်လိုက်၊ ခေါင်းခါလိုက်ဖြင့် အလုပ်ရှုပ်နေသည့် ကောင်လေးကို ကြည့်ရင်း ကားထွက်ချိန်သို့ ရောက်သည်တောင်
မိုင်စိုင်းခမျာ သတိမထားမိသည် အထိ။ ကားစထွက်နေပြီ ဖြစ်သောကြောင့် ယိမ်းယိုင်နေသော ခေါင်းလေးကို
အသာအယာ ဆွဲယူ၍ ပခုံးပေါ်သို့ မှီစေသည်။
ထိုအခါမှသာ အသက်ရှုသံ မျှင်မျှင်လေး ကြားရသည်အထိ ဂွမ်းလုံးလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့၏။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now