Page 29

19.1K 2.6K 93
                                    

အိပ်ခန်းလေးကို ကွယ်ထားသည့် လိုက်ကာစလေးကို ဖယ်လိုက်တော့ ကုတင်ပေါ်၌ ကွေးကွေးလေး အိပ်ပျော်နေသော မိုင်စိုင်း၏ နှလုံးသားလေးကို တွေ့လိုက်ရသည်။ ခြုံထည်စောင်ကြီးထဲ၌ နစ်မြုပ်နေသော ကောင်လေးသည် နှစ်နှစ်ခြိုက်ခြိုက်ပင်
အိပ်မောကျနေပုံရ၏။ ပူလောင်လွန်းလှသည့် လောကကြီးထံမှ ခဏတာ အနားယူခွင့်ရသော
အမျိုးသားလေးသည် သိပ်ကို အေးချမ်းနေပုံရပါသည်။

"ဆရာဝန် ပေးထားတဲ့ ဆေးတွေကို တိုက်ထားလို့ အခုလို အိပ်ပျော်သွားတာ။ မဟုတ်ရင် သည်ကောင်လေး ဘယ်တော့မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူး"

ကျော်နေသာသည် မိုင်စိုင်းကို ခပ်တိုးတိုး လေသံဖြင့် ရှင်းပြလာသည်။ ကုတင်ပေါ်၌ ကွေးကွေးလေး အိပ်နေသည့် ကတုံးဆံပင်ပေါက် ကောင်လေးသည်
မိုင်စိုင်း သိပ်မြတ်နိုးရသည့် လွမ်းငယ်လေးတဲ့လား။
နောက်ဆုံးတွေ့ခဲ့သည့် အချိန်တုန်းကထက်ပင် ပို၍ မှိန်ဖျော့သွားသော မျက်နှာလေးကို ကြည့်ရင်း မိုင်စိုင်း၏ ဝမ်းနည်းမှု ဒီရေလှိုင်းမှာ တရိပ်ရိပ် မြင့်တက်လာတော့သည်။ နဂိုတည်းကမှ အားငယ်စိတ် အခံ  ရှိသည့် ကောင်လေး၏ ဘေးနားတွင် မိုင်စိုင်း
ရှိမနေပေးနိုင်သော အချိန်တွေ၌ သည်စိတ်နှလုံးသားလေးဟာ ဘယ်လောက်တောင်
အားငယ်နေလိမ့်မည်လဲ။ နာကျင်နေလိမ့်မည်လဲ။

အခန်းထောင့်နားလေး၌ ထိုင်ရင်း တိတ်တဆိတ်
ငိုကြွေးနေခဲ့မည်လား။ ဒါမှမဟုတ် ညအိပ်တိုင်း
အိမ်မက်ဆိုးတွေ မက်နေခဲ့မည်လား။ ချစ်ရသူ၏ နာကျင်မှုသည် မိုးသည်းထန်တော့မည့် တိမ်တိုက်ကဲ့သို့ မိုင်စိုင်း၏ ရင်ကို မှောင်မိုက်စေသည်။ အသက်ကို မှန်မှန်ရှုရင်း အိပ်ပျော်နေသည့် နှလုံးသားလေး၏ ဘေးသို့
ဖြည်းဖြည်းချင်း မိုင်စိုင်း ထိုင်လိုက်၏။ ထို့နောက် ကတုံးအပြောင် ဖြစ်နေသော ခေါင်လေးကို ခပ်ဖွဖွလေး ထိတွေ့ကြည့်လိုက်ပါသည်။ ရှင်းရှင်းလင်းလင်း ပေါ်နေသည့် ခေါင်လွမ်း၏ နားရွက်ဖျားလေးကို မိုင်စိုင်း နမ်းရှိုက်လိုက်ရင်း စကားလေး တစ်ခွန်း ပြောလိုက်သည်။

"ကိုယ့်ရဲ့ သည်းငယ်လေး အိမ်မက်လှလှ မက်ပါစေ"

မိုင်စိုင်း၏ မေတ္တာတွေသည့် အစစ်အမှန် ဖြစ်သည်မလို့
ဆုတောင်းစကားတွေသည်လည်း ပြည့်ဝလိမ့်မည်ဟု ယုံကြည်ပါသည်။ အေးချမ်းလွန်းလှသည့် ထိုလူသား နှစ်ယောက်၏ မြင်ကွင်းလေးကြောင့် ကျော်နေသာ ပြုံးမိသွားတော့သည်။ သံယောဇဉ် တွယ်တာလွန်းသည့် အမျိုးသားလေးနှစ်ဦး ပြန်လည်း ဆုံစည်းရခြင်းသည် ဘေးလူကိုတောင် ပျော်ရွှင်မှုေတွေ ကူးစက်စေပါ၏။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now