Page 42 🌱

20.6K 2.5K 205
                                    

ညနေတုန်းကထိ အပီအပြင် စိတ်ကောက်နေသော ကောင်လေးသည် ယခုတော့ မိုင်စိုင်း၏ ဘေးနားသို့ လာထိုင်၍ ပခုံးပေါ်သို့ပင် ခေါင်းလေး မှီလာသည်။

"ကိတ်မုန့် စားချင်တယ်"

စကားကို တိုးတိုးလေးသာ ပြောတတ်သော
ကောင်လေးသည် အသံမှာ ယခုတော့ ခပ်ကျယ်ကျယ်လေး ထွက်လာ၏။ လေသံဖျော့ဖျော့လေး မဟုတ်သည့် ရှတတ အသံလေးသည် မိုင်စိုင်း အတွက်တော့ နားထောင်လို့ တစ်မျိုးလေး ကောင်းနေပြန်သည်။ ပခုံးပေါ်သို့ ခေါင်းလေး လာမှီလိုက်၊ ပြန်ခွာလိုက် လုပ်နေသော ဂွမ်းလုံးလေးသည်
ယခုတော့ ဘဲပေါက်စလေး မဟုတ်တော့ဘဲ
မုန့်စားချင်လို့ လူနား လာကပ်သည့် ကြောင်ပေါက်လေး အသွင်။

"ကိတ်မုန့်စားချင်လို့ ကိုယ့်အနားကို လာတာပေါ့လေ။ ချစ်လို့ လာထိုင်တာ မဟုတ်ဘူးပေါ့"

စိတ်ထဲ အူယားလာသဖြင့် မျက်စိရှေ့မှ ကြောင်ပေါက်လေးကို စနောက်မိတော့ ဆတ်ခနဲ ခေါင်းထောင်လာကာ မိုင်စိုင်းထံ မျက်ဝန်းမှိုင်းတွေဖြင့်
ကြည့်လာ၏။

"ချစ်လို့ လာထိုင်တာ"

နီရဲသွားသော နာရွက်ဖျားလေးနှင့် အတူ ဖျတ်ခနဲ အကြည့်လွှဲသွားသော မျက်ဝန်းလေးတွေ။ ထိုမြင်ကွင်းကြောင့် အောင်နိုင်သူ အပြုံး ပြုံးမိသူမှာ မိုင်စိုင်းပင် ဖြစ်၏။

"ကိုယ့်ကို အကြည့်လွဲှ မသွားနဲ့လေ"

မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ဆွဲယူတော့ မီးခိုးရောင်
မျက်ဝန်းလေးများကို တွေ့လိုက်ရ၏။ ပြုံးရောင်သန်းနေသော ထိုမျက်ဝန်လေးတွေသည် မိုင်စိုင်း၏ ပျော်ရွှင်မှုကို အရင်းတည်စေသည့် အစိတ်အပိုင်းလေးတွေ။

"တစ်ကနေ တစ်ရာအထိ မျက်လုံးလေး မှိတ်ပြီး ရေတွက်နေ။ ကိုယ် သည်းငယ်ရှေ့ကို ကိတ်မုန့်လေး ရောက်အောင် ယူလာပေးမယ်"

"တကယ်လား"

"တကယ်ပေါ့ဗျာ"

မိုင်စိုင်း၏ စကားကြောင့် နှုတ်ခမ်းလေးသည် ကွေးတက်သွား၏။ ထို့အတူ တောက်ပလာသော မျက်ဝန်းလေးတွေ။ အရောင်တောက်နေသော
ထို မျက်ဝန်းလေးတွေထံ အသည်းယားစွာ နမ်းရှိုက်မိတော့ ဂွမ်းလုံးလေးသည် အသံထွက်အောင် ရယ်လာတော့သည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now