Page 37

19.1K 2.6K 173
                                    

မိုးလေညင်းတို့မှာ အေးစိမ်းနေပေမဲ့ ပူလောင်နေသော မိုင်စိုင်း၏ စိတ်နှလုံးသားကိုတော့ အေးချမ်းသွားအောင် စွမ်းဆောင်နိုင်ခြင်း မရှိ။ ပူလောင်နေသော ရင်တွင်းမှ
ခံစားချက်နှင့် အတူ နာကျင်လွန်းသော နှလုံးသားကြောင့် မိုင်စိုင်းမှာ လက်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် မိလျက်သား။

"အစ်ကို"

စားပွဲထိုး ကောင်လေးနှင့် အတူ ဆိုင်ရှင် ဖြစ်ဟန်တူသော ဦးလေးကြီးသည် မိုင်စိုင်းထံသို့ ဦးတည်၍ လျှောက်လာကြတော့  ထိုင်နေရာမှ ချက်ချင်း ထလိုက်သည်။

"သည် ကောင်လေး ပြောလို့ ဦးလေး သိပြီးသွားပြီ။
ဆိုင်ထောင့်နားမှာ အကြာကြီး ထိုင်နေလို့ ဦးလေးတောင် ဆိုင်ကလူကို အကျိုးအကြောင်း သွားမေး ခိုင်းလိုက်သေးတယ်"

"ဖုန်းထဲက ကောင်လေးဆိုတာ သေချာပါတယ်နော် ဦးလေး။ သူ အခု ဘယ်မှာလဲဆိုတာရော သိလား။ ကျွန်တော် ကျွန်တော် စိတ်တွေ ပူလာလို့ပါ"

စိတ်လှုပ်ရှားမူ့ကြောင့် မိုင်စိုင်းခမျာ အသက်ရှုပင် ကျပ်လာကာ စကားပင် ဖြောင့်အောင် မပြောနိုင်တော့။
တစ်လမ်းလုံး တင်းခံလာခဲ့သော မွန်းကြပ်မှုများသည်လည်း ယခုအချိန်၌ မျက်ရည်များ အဖြစ် ပေါက်ကွဲ ထွက်ချင်လာပြီ ဖြစ်သည်။

"ငါ့တူရာ စိတ်လျှော့လိုက်အုံး ဟုတ်ပြီလား။ မင်းညီလေး အန္တရာယ်ကင်းတဲ့ နေရာမှာ ရှိတယ်။ ရော့ ရေနွေးကြမ်းလေး သောက်လိုက်"

အန္တရာယ် ကင်းသည် ဟူသော စကားကို ကြားလိုက်တော့မှသာ မိုင်စိုင်းသည် ထိုင်ခုံပေါ်သို့ ထိုင်ချမိသွား၏။ ရင်ထဲ ဆို့နင့် နေသေးသော်လည်း
ဆိုင်ရှင် ဦးလေးကြီး ကမ်းလာသော ရေနွေးကြမ်းကို ကြိတ်မှိတ်၍ သောက်ချလိုက်သည်။

"ဦးလေးတို့ ဆိုင်မှာ အရင်က အလုပ်လုပ်ဖူးတဲ့ ကောင်လေးက မင်းညီလေးကို တွေ့လို့ ခေါ်သွားတာ။
သည်မှာကလည်း လက်ဖက်ရည်ဆိုင်ဆိုတော့ သိတဲ့အတိုင်း လူစုံတယ်လေ။ အဲတော့
စိတ်မချဘူး အိမ်ကို ခေါ်သွားမယ် ဆိုပြီး ဦးလေးကို ပြောသွားတာပဲ။ စိတ်မပူနဲ့ စနစ်က လူကောင်းလေးပါ။ အဲကောင်လေး အိမ်ကို အခု လိုက်ပို့ပေးမယ်"

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now