Page 14

22.4K 3.1K 221
                                    

ခါတိုင်း ရှင်းလင်းနေသည့် ကျောင်းရှေ့ကွင်းပြင်ကျယ်၌ ယနေ့တော့ ဒေသခံလူများဖြင့် စည်ကားနေ၏။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာလူးတွေ
ကောက်သူက ကောက်၊ သံပုံးရိုက် ပြိုင်သူက ပြိုင်ဖြင့် တက်ကြွနေကြသည်။ မိုင်စိုင်း၏ ဘဝတစ်လျှောက်လုံး၌ ယခုလို အားကစားပြိုင်ပွဲမျိုးတွေ ဝင်မပြိုင်ခဲ့ဖူးပါ။ လုံးချင်း အိမ်ရာဝန်း၌သာ ကြီးပြင်းခဲ့သည့် အပြင် ကျောင်းတွင်း အားကစားပြိုင်ပွဲတွေ၌ ဝင်ပြိုင်သည်ကို မကြိုက်သော မေမေ့ကြောင့် မိုင်စိုင်းဟာ အားကစားပြိုင်ပွဲတွေနှင့် ရင်းနှီးခဲ့ခြင်းမရှိ။

ပွဲကြည့် ပရိတ်သတ်,သာလုပ်နေသော သူ့ကို ဆရာလေးတွေသည် ပြိုင်ပွဲကွင်းထဲသို့ အတင်း တွန်းပို့လိုက်သည်။ ထို့ကြောင့် ဆွဲမိဆွဲရာလူကို လှမ်းဆွဲ၍ ခေါ်လာလိုက်တော့ ထိုလူသည် ဂွမ်းလုံးလေး ဖြစ်နေ၏။ ဘယ်အချိန်တုန်းကများ ထိုကောင်လေးသည် မိုင်စိုင်း၏ အနား၌ ရှိနေသည်လဲမသိ။ မနက်ခင်းတုန်းကတော့ မျက်လုံးကစား၍ ရှာကြည့်ခဲ့သော်လည်း လူအတော် ရှုပ်နေ၍ ဆက်မရှာတော့ဘဲ လက်လျော့ထားကာမှ ယခုတော့ လက်သွယ်သွယ်လေးတွေသည် မိုင်စိုင်း၏ လက်ဖဝါးထဲသို့ အံဝင်ခွင်ကျ ရောက်ရှိနေ၏။

လူတွေ အများကြီး ရှိသည့်အထဲမှ သည်ကောင်လေး၏ လက်ကို ဆွဲမိခြင်းဆိုတော့ ဒါသည် ဖူးစာပဲဖြစ်ရမည်။ အသက် နှစ်ဆယ့်လေးနှစ် ပြည့်သွားပြီ ဖြစ်သော မိုင်စိုင်ဟာ အချစ်နှင့် ပတ်သက်လာလျှင် ကလေးဆန်ဆန် တွေးနေမိတုန်းပင်။ အခွင့်အရေးကို အသုံးချသည်ပဲ ပြောပြော။ သည်လက်လေးကို မိုင်စိုင်း ပြန်မလွှတ်ချင်မိတော့။ ထို့ကြောင့် ပို၍ပင် တင်းကျပ်သွားအောင် ဆုပ်ကိုင်လိုက်တော့သည်။

"ဒီမှာ"

ဝါဂွမ်းလုံးလေးသည် သူ၏ အနွေးထည် အိတ်ကပ်ထဲမှ လိမ္မော်ရောင် အသီးလေးများကို ထုတ်ပေးလာ၏။

"အကို စားဖို့လား"
မိုင်စိုင်း၏ အမေးကို ထိုကောင်လေးသည် ခေါင်းလေး ညိတ်ပြလာ၏။ သည်အသီးလေးတွေကို
သူ စားဖူးပေဲ့ မည်သို့ ခေါ်ရမည်မှန်းမသိ။

"ဒါဘာ အသီးလေးတွေလဲ ညီလေး"

"ပျားသံပုရာ...."

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now