Page 19

21K 2.7K 69
                                    

မိုင်ခမ်းနောင်သည် မိခင်၏ ရင်နှစ်သည်းချာ ဖြစ်လျှင် မိုင်စိုင်းမောင်သည်တော့ ဖခင်၏ ရင်နှစ်သည်းချာ ဖြစ်လိမ့်မည်။ အနေအေးသော မိုင်းစိုင်ထက် သွက်သွက်လက်လက်ရှိသော ခမ်းနောင်ကို မိခင်သည် ပိုချစ်၏။

"သားက ရုပ်ရှင်မင်းသားကြီး ဖြစ်ချင်တာ"

အနုပညာသွေးပါသည့် ခမ်းနောင်၏ စကားကို ကြားလိုက်ရတိုင်း မိခင်ဖြစ်သူ ဒေါ်မိုင်းနွယ်
ရယ်မောရသည်။ သို့သော် စာရေးဆရာကြီး ဖြစ်ချင်တယ်ဟူသော မိုင်စိုင်း၏ စကားကို ကြာရလျှင်တော့ မိခင်ဖြစ်သူသည် အကြည့်စူးစူးဖြင့် ပြန်၍ တုံ့ပြန်တတ်၏။ တကယ်တော့ စာရေးခြင်းဟူသည် အနုပညာ တစ်မျိုးပင်မဟုတ်လား။

အမြွှာဖြစ်သော သူတို့နှစ်ယောက်၏ စရိုက်သည်
ဆန့်ကျင်ဘက်။ အကြီးလေးဖြစ်သော ခမ်းနောင်သည်
ကလေးသရုပ်ဆောင် စလုပ်နေချိန် မိုင်စိုင်းသည်တော့
ပုံပြင်လေးတွေ ထိုင်ရေးရင်း အလုပ်ရှုပ်နေတတ်၏။
အတန်း အပြင်ထွက်သို့ ထွက်၍ စာဆိုခိုင်းလျှင်တောင်
ရင်တုန်ပြီး စာအကုန် မေ့တတ်သော မိုင်စိုင်းအဖို့တော့ လူအများကြီး၏ ရှေ့၌ သရုပ်ဆောင်ရမည့် အလုပ်သည် တွေးကြည့်ရုံနှင့်တင် လန့်စရာ ကောင်းလွန်းလှသည်။
မိုင်စိုင်းသည် အတွေးသမား။ တိတ်ဆိတ်သည့် နေရာ၌
ပုံပြင်လေးတွေ ရေးမည်။ ပြီးတော့ ကလေးဂျာနယ်တွေ၊ ကာတွန်းစာအုပ်လေးတွေကို အေးအေးဆေးဆေး ထိုင်ဖတ်မည်။

စာအုပ်တွေသည် မိုင်စိုင်းအတွက်တော့ အကောင်းဆုံး အဖော်၊ အကောင်းဆုံး သူငယ်ချင်းတွေပင် ဖြစ်သည်။
သူမရောက်ဖူးသေးသည့် နေရာဒေသတွေကို စာအုပ်များမှ တစ်ဆင့် သွားနိုင်သည်။ သူ မကြုံဖူးသေးသည့် ခံစားချက် အသစ်တွေကိုလည်း ကဗျာတွေထံမှ တစ်ဆင့် ထိတွေ့နိုင်၏။ သည်လိုနှင့် စာအုပ်တွေ၊ ဂျာနယ်တွေသည် မိုင်စိုင်း၏ အစိတ်အပိုင်း တစ်ခုလိုပင် ဖြစ်လာတော့သည်။

ဒေါ်မိုင်းနွယ်၏ အမြင်တွင်တော့ ခမ်းနောင်နှင့် ယှဉ်လျှင် မိုင်စိုင်းသည် စာအုပ်တွေနှင့်သာ အချိန်ကုန်နေတတ်သော အူတိအူကြောင် ကလေးငယ်လေးသာ ဖြစ်သည်။ မိခင်နှင့်အတူ ရိုက်ကွင်းလိုက်သွား၍
လက်ပွန်းတတီး နေဖြစ်သော အကြီးလေးကို
မိခင်ဖြစ်သူက အကဲပိုတိုင်း မိုင်စိုင်း၏ ရင်ထဲ နာကျင်ရသည်။ သို့သော် မိုင်းစိုင်း ဝမ်းမနည်း။ သူ့၌
သူ့ကို သိပ်ချစ်သည့် ဖေဖေ တစ်ယောက်လုံး ရှိသည်မလား။ သင်္ဘော အင်ဂျင်နီယာဖြစ်၍ ခြောက်လနေမှ တစ်ခါလောက်သာ အိမ်ပြန်လာနိုင်သော
ဖခင်ဖြစ်သူနှင့် အတူရှိနေချိန်တိုင်းသည် မိုင်စိုင်း၏ အပျော်ရွှင်ဆုံး အချိန်များ ဖြစ်သည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now