Page 24

19.8K 2.7K 104
                                    

"ဂွတ်မောနင်း သည်းငယ်"

နား, အနားသို့ ကပ်၍ တိုးတိုးလေး ပြောလာသည့် အသံကြောင့် အိပ်ချင်ယောင်ထားသည့်
ခေါင်လွမ်း၏ မျက်လုံးလေးတွေမှာ ပွင့်သွားတော့သည်။
တကယ်တော့ ခေါင်လွမိး နိုးနေသည်မှာ နေရောင်ခြည်
မထွက်ခင် ကတည်းက။ သို့သော် ရင်ခွင်ထဲမှ လှစ်ခနဲ ထွက်လိုက်လျှင် ကိုကို နိုးသွားမည်ဆိုး၍
သည်အနွေးဓာတ်လေးထဲမှာပဲ ခေါင်လွမ်း သဘောတကျ ဝင်မှေးနေလိုက်၏။ သည်ရင်ခွင်ကျယ်ကြီးက သူ့ကို နွေးထွေးစေသည်။ လုံခြုံစေသည်။ ထို့အပြင် နားဖျားလေးနှင့် နီးကပ်နေသော နှလုံးသားရပ်ဝန်းမှ
ထွက်ပေါ်လာသည့် ကိုကို့ ရင်ခုန်သံသည်
ခေါင်လွမ်းကို နွေးထွေး ကြည်နူးစေ၏။

"ညက သည်းငယ် အိမ်မက်ဆိုးတွေ မက်ပြီး ညည်းနေတဲ့ အသံကြားလို့ ကိုယ် မင်းရဲ့ ခြင်ထောင်ထဲကို ကူးလာတာ။ ကိုယ့်ကို စိတ်မဆိုးပါဘူးနော်"

လွမ်းငယ်သည် ကိုယ့်ကို အခွင့်အရေးသမားဟု ထင်မည့်လူ မဟုတ်မှန်း သိသော်လည်း မိုင်စိုင်း ရှင်းပြမိသည်။ အချို့သော အခွင့်အရေးတွေသည် ရယူ၍ ရသော်လည်း
မိုင်စိုင်း မယူရက်ပါ။ လက်ထပ်ထိမ်းမြားခြင်း ဟူသော
စည်းကြိုးကလေး မလွန်မြောက်ခင်အထိ အချို့သော နွေးထွေးခြင်းတွေသည် ပြတိုက်အတွင်း၌ ရှိသည့် ရှေးဟောင်းပစ္စည်တွေလို တန်ဖိုးထားသင့်သည် မဟုတ်လား။

"စိတ်မဆိုးဘူး"

စောင်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသော ကောင်လေးသည် အကြည့်ချင်း မဆုံဘဲ ပြောလာပြန်တော့ မိုင်စိုင်းမှာ အသဲယားရပြန်၏။

"တကယ် မဆိုးဘူးလား"

နီရဲနေသည့် နှာခေါင်းထိပ်လေးကို အသာညစ်ကာ
ထပ်မေးတော့ သည်ငယ်သည် အကြည့် စူးစူးလေးတွေကို မိုင်စိုင်းထံသို့ စွန့်ကြဲ၏။

"တကယ် မဆိုးဘူး"

စိတ်မဆိုးကြောင့် ခေါင်းကို အကြိမ်ကြိမ် ခါပြရင်း ပြောသည်။ သည်ဂွမ်းလုံးလေးကိုတော့ မိုင်စိုင်း၏ အိတ်ကပ်ထဲ၌သာ ထည့်ပြီး ထွေးပွေ့ လိုက်ချင်မိတော့၏။

"ကိုယ် မျက်နှာသွားသစ်တော့မယ်နော်"

စောင်ကို သည်းငယ်၏ ရင်ဘတ်လေးမှသည်
ခြေဖျားလေးတွေ အထိ လုံနေအောင် ခြုံပေးပြီးနောက် ခြင်ထောင် အပြင်သို့ ထွက်ရန် မိုင်စိုင်း ပြင်လိုက်တော့သည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now