Page 40 🌱

22.5K 2.7K 185
                                    

တဖြောက်ဖြောက် ရွာကျနေသော မိုးရေစက်နှင့်အတူ မြေနံ့သင်းပျံ့သော လေညင်းတို့သည် အခန်းငယ်လေး အတွင်းသို့ တိုးဝှေ့၍ ဝင်ရောက်လာကြသည်။ မီးရောင် မှိန်မှိန်လေးတောင် မရှိသည့် အခန်းငယ်၌ အရာအားလုံးသည် တိတ်ဆိတ်နေလျက်။ ထိုတိတ်ဆိတ်မှုကို ညင်သာစွာ ဖြိုခွင်းသည်က အသက်ရှုသံ ခပ်တိုးတိုးလေးတွေ။ စောင်တစ်ထည်တည်း အောက်၌
အတူရှိကြသော လူသား နှစ်ယောက်သည် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် အပြန်အလှန် ကျောပေးရင်း နှလုံးခုန်သံတို့ကို ရေတွက်နေကြ၏။ ကျယ်လောင်စွာ ထွက်ပေါ်လာသော ရင်ခုန်သံ ကိုယ်စီသည် မိုးရေစက်တို့ကိုတောင် အနိုင်ယူနိုင်သည် အထိ ထိန်းမရစွာ
ဆူညံနေပါသည်။

ဆူညံနေသော ရင်ခုန်သံကို ခေါင်လွမ်း ထိန်းချုပ်ဖို့ ကြိုးစားနေတုန်းမှာပဲ ကျောပြင်သို့ နီးကပ်လာသော
အထိအတွေ့။ ခါးပေါ်သို့ တဖြည်းဖြည်း ရောက်လာသော
လက်ချောင်းတို့နှင့် အတူ ခေါင်လွမ်း၏
ခန္ဓာကိုယ် တစ်ခုလုံးသည် ရင်ခွင်ကျယ်၏
လွှမ်းမိုးခြင်းကို ခံလိုက်ရပါသည်။ ထို့ကြောင့် ဆတ်ခနဲ တုန်သွားသော ခန္ဓာကိုယ်နှင့် အတူ အလိုလို ဆုပ်မိသွားသော လက်သီးဆုပ်လေးတွေ။ လည်ပင်းသို့ လာရောက် ရိုက်ခတ်သော အသက်ရှုသံ ခပ်နွေးနွေးနှင့် အတူ ထပ်တူကျလာသော ခေါင်လွမ်း၏ နှလုံးသား စည်းချက်။

"သည်းငယ် အိပ်ပျော်နေပြီလား"

နားအတွင်းသို့ တိုးဝှေ့လာသော ဩရှရှ လေညင်းသည် ခေါင်လွမ်း၏ နှလုံးသားလေးကို အရှိန်အဟုန် ပြင်းစွာ
လှုပ်ရှားစေသည်။ ထို့ကြောင့် အသက်ကို အောင့်ကာ
ငြိမ်သက်စွာ နေမိတော့ ခပ်ဟဟ ရယ်သံကို ကြားလိုက်ရ၏။

"အသက်ကို အောင့်မထားနဲ့အုံး"

နားဖျားသို့ နှုတ်ခမ်းနှင့် ထိကပ်ကာ ပြောလာသော အသံသည် ခပ်တိုးတိုးရယ်။ ထို့နောက် လည်ကုပ်ပေါ်သို့
တဖွဖွ နမ်းရှိုက်လာသော ကိုကို။ ကျရောက်လာသော အနမ်း ငွေ့ငွေ့လေးတွေသည် မိုးညကို လုံခြုံစေပါသည်။

"အိမ်မက်လှလှလေး မက်ပါစေ ကိုယ်ရဲ့ ကောင်လေး"

ပါးပြင်ပေါ်သို့ အနမ်းလေးတစ်ပွင့် ခြွေချလာကာ အနွေးဓာတ်လေးကို ပြည့်စုံစေတော့ ရင်ခုန်လှိုက်မောရပြန်သည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now