Unicode Version
ဒီဇာတ်လမ်းလေးကိုရေးဖို့ဖြစ်လာရတဲ့အကြောင်းလေးကို အရင်ဆုံးပြောပြချင်ပါတယ်...
ကျွန်တော်ဟာနယ်မြို့လေးကနေ ရန်ကုန်ကိုလာပြီးအလုပ်လုပ်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတဲ့အခါ နယ်မြို့လေးကိုပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။
ကျွန်တော့်မွေးရပ်မြေဖြစ်တဲ့ ဧရာဝတီတိုင်း ရေကြည်မြို့လေးကိုရောက်တဲ့အခါ ကျွန်တော့်လိုပဲနယ်ကိုပြန်လာကြတဲ့သူငယ်ချင်းတွေနဲ့ပြန်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။
သူငယ်ချင်းတွေပြန်ဆုံတွေ့ရင်း အရင်အကြောင်းတွေပြန်ပြောကြရင်း ငယ်ဘဝကဖြတ်သန်းမူ့တွေကိုပြောမိကြတဲ့အခါ ကျွန်တော့်တို့ရဲ့စကားတွေထဲမှာ သူငယ်ချင်းအချို့ပါလာခဲ့ပါတယ်။ အဲ့ဒီ့လိုပါလာတာကနေစပြီး ကျွန်တော့်စိတ်ထဲမှာ ဒီဇာတ်လမ်းလေးက တိတ်တိတ်ကလေးနေရာယူလာခဲ့တယ်။ကျွန်တော်တို့သူငယ်ချင်းတွေအကုန် မှတ်မိနေခဲ့ကြတဲ့ လူနှစ်ယောက်ရဲ့ဇာတ်လမ်းလေးပေါ့...။
ဒီဇာတ်လမ်းလေးဟာ တကယ်ရှိခဲ့တာလားမေးရင် (၆၀)ရာခိုင်နူန်းဟာ တကယ်ပါလို့ကျွန်တော်ပြောပါရစေ။ ကျန်တဲ့(၄၀)ရာခိုင်နူန်းကတော့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ဖို့အတွက် ကျွန်တော်ဖန်တီးထားတဲ့စိတ်ကူးယာဥ်မူ့သက်သက်ဆိုတာ ဝန်ခံထားချင်ပါတယ်။
ဇာတ်လမ်းလေးဟာပထမပိုင်းမှာ ရိုးရိုးလေးဆိုပေမယ့် နောက်ပိုင်းရောက်တဲ့အခါ အလှည့်အပြောင်းတွေအများကြီးရှိနိုင်ပါတယ်။ ဒီဇာတ်လမ်းမှာပါတဲ့ ဇာတ်ကောင်လေးတွေဟာ (၁၉၉၁ ၊ ၁၉၉၂)တွေမှာမွေးဖွားခဲ့တဲ့ကောင်လေးတွေဖြစ်တဲ့အတွက် ခုလက်ရှိကာလတွေနဲ့ နည်းနည်းလေးကွာခြားနေပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ကျွန်တော်ဝန်ခံချင်တာကတော့ အရေးအသားပိုင်းနဲ့ပက်သက်ပြီးတော့ပါ။ ဒီဇာတ်လမ်းလေးကိုမရေးခင် ဆရာလင်းရောင်စင်ရေးသားထားတဲ့ ငှက်တွေရဲ့အထ္တုပတ္တိ စာအုပ်လေးကိုဖတ်ပြီးသွားတဲ့အခါ ကျွန်တော်ဟာ ဆရာ့လိုမျိုးဇာတ်လမ်းတစ်ခုလုံးကို စကားပြောအရေးအသားနဲ့ ကြိုးစားပြီးရေးသားချင်စိတ်တွေဖြစ်ပေါ်မိပါတယ်။ အတုခိုးတာမဟုတ်ဘဲ အတုယူပြီးကြိုးစားရေးချင်ခဲ့တာပါ ။
ဒါကြောင့် ကျွန်တော်ခုဇာတ်လမ်းလေးကို ပထမကျွန်တော်ဖန်တီးဖူးတဲ့ အချစ်နှင့်မုန်းရပါသောလို စကားပြေအရေးအသားနဲ့မတူပဲ စကားပြောအရေးအသားနဲ့ပြောင်းပြီး ကြိုးစားရေးသားထားပါတယ်။
YOU ARE READING
"Falling"
RomanceUnicode Version ကံကောင်းစွာပဲ ကျွန်တော့်အချစ်တွေ သူ့အတွက်ကြွေကျခွင့်ရခဲ့တယ်... ကံဆိုးစွာပဲ အားလုံးနင်းခြေခံလိုက်ရတယ်... Start date = 6.6.2022 (Mon) End date =20.10.2022 (Thu) Zawgyi Version ကံကောင်းစွာပဲ ကျွန်တော့်အချစ်တွေ သူ့အတွက်ကြွေကျခွင့်ရခဲ့တယ်...