Chapter (4)

1.7K 155 3
                                    

Unicode Version

        "ဓနရေ...ဓန"

        "ဓနအိမ်မှာမရှိဘူးဟေ့...ညကတည်းက(၉)လမ်းကသူ့အဒေါ်အိမ်မှာသွားအိပ်တယ် ၊ တွေ့ချင်ရင်ဓနရှိတဲ့နေရာကိုလိုက်သွား ငါ့အိမ်ရှေ့မှာအသံပြဲကြီးနဲ့လာအော်မနေနဲ့"

        မနက်ပိုင်းကျောင်းသွားဖို့အတွက် ထုံစံအတိုင်းဓနကိုသွားခေါ်တော့ ကျွန်တော်မှန်းသိလို့ အိမ်ထဲကနေဆောင့်ကြီးအောင့်ကြီးနဲ့ အော်ပြောတဲ့ဓနရဲ့အမေ ဒေါ်ဥမ္မာရဲ့အသံကြောင့် ဓနတို့ခြံရှေ့ကနေကျွန်တော်လှည့်ပြန်လာခဲ့ရတယ်။ ဓနကတစ်ခါတစ်လေ သူ့အဒေါ်နဲ့သူ့အမတစ်ဝမ်းကွဲရှိတဲ့ ဗထူး(၉)လမ်းကအိမ်မှာသွားအိပ်တတ်တယ်။ သူ့အမတစ်ဝမ်းကွဲက ဆယ်တန်းတက်နေတာကြောင့် သူအဲ့ဒီ့အိမ်မှာသွားအိပ်ပြီးနောက်နေ့မနက်မှာ သူ့အမတစ်ဝမ်းကွဲနဲ့အတူ ကျောင်းကိုလာနေကျမို့ ဒီနေ့တော့ကျွန်တော်တစ်ယောက်ထဲ ကျောင်းသွားရတဲ့နေ့ဖြစ်သွားတော့တာပေါ့။

        (၉)လမ်းမှာသွားအိပ်မယ်ဆိုလည်း ကျွန်တော့်ကိုတော့ နည်းနည်းပါးပါးလေးအသိလေးပေးသင့်တာပေါ့။ဓနဆိုတဲ့ကောင်က တစ်ခါတစ်လေခန့်မှန်းရသိပ်ခက်တာ ။

        ဒီနေ့ကျောင်းကိုတစ်ယောက်ထဲလာရတာ ပျင်းစရာတော့ကောင်းသား။ စကားပြောဖော်မရှိတော့ ခြေလှမ်းတွေကပိုမြန်လာပြီး ကျောင်းကိုတောင်အရင်နေ့တွေကထက်စောပြီးရောက်လာခဲ့တယ်။ ကျောင်းကိုရောက်တော့ ကျောင်းဝမှာရပ်နေတဲ့ကမ္ဘာသစ်ကို တစ်ယောက်ထဲတွေ့လိုက်ရတဲ့အတွက် ကျွန်တော်ကအရင်ပဲနူတ်ဆက်လိုက်တယ်။

         "ကမ္ဘာသစ်...မင်းဘယ်သူ့ကိုရပ်စောင့်နေတာလဲ"

         "မင်းနဲ့ဓနအေးကို စောင့်နေတာလေ ...ငါတစ်ယောက်ထဲကျောင်းထဲကိုဝင်ရမှာ တစ်မျိုးကြီးဖြစ်နေလို့ ၊ မင်းကတစ်ယောက်ထဲလာတာလား  ဓနအေးရောကျောင်းမတက်ဘူးလား"

        ကမ္ဘာသစ် ကျွန်တော့်ကိုသွက်သွက်လက်လက်ပြန်ဖြေတဲ့ပုံစံက မသိရင်ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေလို ရင်းနှီးမူ့အပြည့်။

       "ဓနကသူ့အဒေါ်အိမ်မှာ ညကသွားအိပ်လို့သက်သက်လာမှာကွ ...မင်းဒီကိုရောက်နေတာကြာပြီလား ၊ ဓနအေးကျောင်းရောက်တာရော မြင်မိသေးလား"

"Falling"Where stories live. Discover now