Unicode Version
ဒီမနက်စုထားတဲ့ပိုက်ဆံလေးထဲနေ တစ်ချို့တစ်ဝက်ကိုယူပြီး ဓနအတွက်ကြက်သားစွပ်ပြုတ်လေးလုပ်ပေးချင်တာကြောင့် ကျွန်တော်ကိုယ်တိုင်ဈေးကိုထွက်လာခဲ့တယ်။ ညကဆေးရုံမှာဓနကိုအဖော်အဖြစ်စောင့်ပြီးနေခဲ့ရလို့ အိပ်ရေးမဝပေမယ့်လည်း ကျွန်တော်ခံနိုင်ရည်ရှိခဲ့ပါတယ်။ ချစ်ရတဲ့သူငယ်ချင်းအတွက်ပဲလေ။ဓနကတော့ဆေးရုံမှာညကတစ်ညပဲနေပြီး ဒီမနက်မှာအိမ်ကိုပြန်ရောက်လာခဲ့တယ်။ စိတ်ဖိစီးမူ့တွေအရမ်းများပြီး အိပ်ရေးပျက်အစားပျက်ဖြစ်ခဲ့တာကြောင့် သွေးအားနည်းပြီးမူးလဲခဲ့တာဖြစ်လို့ ဆရာဝန်ကမစိုးရိမ်ရတဲ့အတွက်ဆေးရုံကနေဒီမနက်ဆင်းခိုင်းလိုက်ခြင်းဖြစ်တယ်။ အစောကြီးကတည်းက ဓနရဲ့ပုံစံကိုကြည့်ပြီးစိတ်ပူခဲ့ပေမယ့် မူးလဲသွားရလောက်အောင်ထိ ဖြစ်သွားလိမ့်မယ်လို့ကျွန်တော်မထင်ထားခဲ့တာအမှန်ပါ။ဓနဆိုတဲ့ကောင်က ထင်ထားတာထက်တော်တော်လေးကို ခေါင်းမာတဲ့ကောင်လေ။
ဒီကောင်လုပ်လို့ မနေ့ကကျွန်တော်နဲ့ကမ္ဘာရဲ့ ပထမဆုံးချစ်သူဖြစ်မယ့်နေလေးပျက်စီးသွားခဲ့ရတဲ့အတွက် ကမ္ဘာ့အပေါ်အားနာစိတ်ဖြစ်မိပေမယ့် ဖြစ်ဖြစ်သမျှကို ကမ္ဘာကနားလည်ပေးမှာပါလို့ ကျွန်တော်ယုံကြည်နေခဲ့ပါတယ်။ သေချာတွေးကြည့်ရင် ဓနကြောင့်အနစ်နာဆုံးလူက ကျွန်တော်လို့တောင်ပြောလို့ရတယ်ဗျာ။ ကျွန်တော့်မှာ ကမ္ဘာ့ပါးလေးကိုတောင်မနမ်းလိုက်ဘူး။တော်တော်ဆိုးတဲ့ကောင်။
ဒါပေမယ့်လည်းဒီကောင်ဘာမှမဖြစ်လို့တော်သေးတာပေါ့ဆိုတဲ့စိတ်နဲ့ပဲ ကျွန်တော်ဖြေပါတယ်။
“မနက်အစောကြီးဈေးကိုသွားပြီးဘာတွေဝယ်လာတာလဲသား”
“ဓနအတွက် ကြက်သားစွပ်ပြုတ်လေးလုပ်ပေးချင်လို့လေအမေရဲ့ ဈေးထဲကနေကြက်ပေါင်သားလေးဝယ်လာခဲ့တာ”
ကျွန်တော်အိမ်ပေါ်တက်လာတော့ လက်ထဲမှာကိုင်ထားတဲ့အထုပ်ကိုလှမ်းကြည့်ပြီးအမေကမေးလာတာကြောင့် ကျွန်တော်ပြန်ဖြေလိုက်ပြီး ကြက်သားစွပ်ပြုတ်ချက်ဖို့အတွက် မီးဖိုချောင်ထဲကိုဝင်လာခဲ့လိုက်တယ်။
YOU ARE READING
"Falling"
RomanceUnicode Version ကံကောင်းစွာပဲ ကျွန်တော့်အချစ်တွေ သူ့အတွက်ကြွေကျခွင့်ရခဲ့တယ်... ကံဆိုးစွာပဲ အားလုံးနင်းခြေခံလိုက်ရတယ်... Start date = 6.6.2022 (Mon) End date =20.10.2022 (Thu) Zawgyi Version ကံကောင်းစွာပဲ ကျွန်တော့်အချစ်တွေ သူ့အတွက်ကြွေကျခွင့်ရခဲ့တယ်...