chapter (34)

1.3K 105 11
                                    

Unicode Version

                          

        “ခရီးကိုဖျက်လိုက်လို့မရဘူးလားအကို လှလှလည်းမွေးဖို့ရက်ကကပ်နေပြီလေ...လှလှဘေးမှာအကို့ကိုရှိစေချင်တယ်အကိုရယ်”

        ခရီးဆောင်အိတ်ထဲကိုအဝတ်အစားတွေထည့်နေတဲ့ အကို့ဘေးမှာကျွန်မထိုင်လိုက်ပြီးပြောတော့ အကိုကကျွန်မကိုပြုံးပြတယ်။

         “မသွားလို့တကယ်မဖြစ်လို့ပါလှလှရယ် အကိုလည်းမသွားချင်ပါဘူးကွာ၊ ပြီးတော့ လှလှမမွေးခင်အကိုပြန်လာခဲ့ပါ့မယ်နော် စိတ်ချ...လှလှကဘာတွေအားငယ်နေတာလဲ ၊လှလှဘေးနားမှာအကိုမရှိရင်တောင် လှလှရဲ့အမတစ်ယောက်လုံးရှိနေတာပဲလေ ၊ နောက်ပြီးကြီးစိန်တို့ ထွေးခင်တို့လည်းလှလှဘေးမှာနေပြီး စောင့်ရှောက်နေတာပဲကို”

        “သူတို့တွေကအကိုမှမဟုတ်ဘဲ...မိန်းမ‌တစ်ယောက်က မွေးခါနီးပြီဆိုရင်သူရဲ့ဘေးနားမှာ သူသိပ်ချစ်ရတဲ့ယောင်္ကျားကိုပဲရှိစေချင်ကြတာပါအကိုရယ်”

        တကယ်လည်းကျွန်မဘေးမှာ အကို့ကိုရှိစေချင်တာပါ။ ကျွန်မလေ အခုတလောစိတ်ထဲမှာတစ်ခုခုကိုစိုးရိမ်နေသလိုကြီး ခံစားနေရတယ်။ ဒါဟာမွေးခါနီးဖွားခါနီးအချိန် ကိုယ်ဝန်သည်တိုင်းကျွန်မလိုခံစားရတာပဲလား။

        အခုတလော မမကိုကြည့်ရတာ ကျွန်မစိတ်ထဲမှာတစ်မျိုးကြီးပဲ။ မမရဲ့မျက်ဝန်းတွေထဲမှာ ကျွန်မနားမလည်နိုင်တဲ့အရိပ်အယောင်တွေမြင်နေခဲ့ရတယ်လေ။

        နောက်ဆုံးတော့လည်း ကျွန်မဘယ်လိုပဲတားတား အကိုကကျွန်မကိုထားခဲ့ပြီး သူစီစဉ်ထားတဲ့ခရီးကိုထွက်ခွာသွားခဲ့ပါတယ်။ခုနောက်ပိုင်း အကိုကကျွန်မအပေါ် အရင်ကလိုမျိုးဂရုမစိုက်တော့ဘူးလို့ ကျွန်မခံစားနေရတယ်။ ပြီးတော့ ဟိုးအရင်ကလိုကြင်ကြင်နာနာလည်းမရှိတော့သလိုပဲ။

        “ကဲ...သူလည်းအရေးကြီးတဲ့ကိစ္စဖြစ်နေလို့ မသွားမဖြစ်သွားရတာဖြစ်မှာပါ ညီမလေးရယ်၊ ဒါကိုစိတ်ထဲမှာမဟုတ်တာတွေတွေးပြီး စိုးရိမ်မူ့တွေလွန်ကဲမနေပါနဲ့တော့...တော်ကြာခရီးသွားတဲ့လူက စိတ်မဖြောင့်ဖြစ်ပြီး တစ်ခုခုကြုံနေမှဖြင့် ”

"Falling"Where stories live. Discover now