Chapter(26)

1.4K 122 35
                                    

Unicode Version

                    

        “ဒေါက်...ဒေါက်”

        “တံခါးလော့ချမထားဘူး ဝင်လာလို့ရတယ်”

        ရေချိုးအဝတ်အစားလဲပြီး မှန်တင်ခုံရှေ့မှာထိုင်ကာ ဖွာလန်ကျဲနေတဲ့ဆံပင်တွေကို ခေါင်းလိမ်းဆီနဲ့သေသေချာချာလေးပုံသွင်းနေတဲ့အချိန် တံခါးခေါက်သံကြောင့် ကျွန်တော်အော်ပြောလိုက်တယ်။ ကျွန်တော့်အသံအဆုံးမှာ အခန်းထဲကိုဝင်လာတဲ့အမေ့ကို မှန်ထဲကနေကျွန်တော်လှမ်းကြည့်ရင်း ပြုံးပြလိုက်တယ်။

        “အပြင်သွားမလို့လားသား”

        “ဟုတ်တယ်အမေ ဒီမနက်သစ္စာနယ်ကနေပြန်လာမယ်ပြောလို့ ဆိုင်မှာအရင်သွားစောင့်နေမလို့လေ”

        အမေကခုတင်ဘေးနားမှာရှိတဲ့ထိုင်ခုံမှာဝင်ထိုင်ရင်းမေးလာတာကြောင့် ကျွန်တော်ကဆံပင်ကိုပုံသွင်းနေရင်းပြောလိုက်တော့ အမေကသဘောကျစွာပြုံးတယ်။ အမေက ကျွန်တော်နဲ့ပက်သက်ပြီး သစ္စာကိုသားအရင်းတစ်ယောက်လိုချစ်ခင်တာကို ကျွန်တော်မြင်ရတော့ ကျွန်တော့်မှာစိတ်ချမ်းသာနေရတယ်။ သစ္စာကလည်း ချစ်ဖို့ကောင်းအောင်နေတတ်တဲ့လူမလား။ လူတစ်ယောက်နဲ့အဆင်ပြေအောင် ဘယ်လိုပေါင်းသင်းရမလဲဆိုတာကို သစ္စာကကောင်းကောင်းသိတယ်လေ။ အမေချစ်တာလည်း မဆန်းပါဘူး။

        ဓနထောင်ကျတဲ့အချိန် ရန်ကုန်ကိုချက်ချင်းပြောင်းလာတဲ့သစ္စာတို့မိသားစုကို ကျွန်တော့်ရဲ့တောင်းဆိုမူ့ကြောင့် အမေကအများကြီးကူညီပေးခဲ့တယ်။ သစ္စာရဲ့အဖေကို အသိတစ်ယောက်ရဲ့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်သွင်းပေးရုံမက သစ္စာရဲ့အမေအတွက်ပါ ထမင်းဆိုင်လေးဖွင့်နိုင်အောင် အမေကအစစအရာရာကူညီပေးခဲ့တဲ့အတွက် ကျွန်တော်အမေကိုအများကြီးကျေးဇူးတင်ခဲ့မိပါတယ်။

        ပြီးတော့ ကျွန်တော်နဲ့သစ္စာချစ်သူတွေဖြစ်နေကြတယ်လို့ဖွင့်ပြောပြခဲ့တုန်းကတောင် အမေကတွေဝေခြင်းမရှိဘဲ ပြုံးပြုံးလေးသဘောတူလက်ခံခဲ့ပါတယ်။ ကျွန်တော့်ဘဝမှာလေ ဓနအေးထောင်ကျသွားကတည်းက အရာရာဟာအဆင်ပြေချောမွေ့နေခဲ့ပါတယ်။ သစ္စာနဲ့ကျွန်တော့်ကြားမှာ ဝင်ပြီးနှောက်ယှက်မယ့်လူမရှိတော့တဲ့အတွက် ပိုပြီးပျော်ရွှင်ခဲ့ရပါတယ်။

"Falling"Where stories live. Discover now