Chapter (30)

1.5K 140 52
                                    

Unicode Version

                    

        အရိုက်ခံလိုက်ရတဲ့ပါးက ခုထိကျိန်းစပ်နေတုန်း။ ပါးပြင်ပေါ်မှာတလိမ့်လိမ့်စီးကျနေတဲ့မျက်ရည်တွေက ယုတ်မာတဲ့ကမ္ဘာ့ကြောင့်လား ဒါမှမဟုတ် ဓနကိုသနားလွန်းလို့လားဆိုတာ ကျွန်တော်ဝေခွဲမရပါ။

        လှမ်းနေတဲ့ခြေလှမ်းတွေက ကမ္ဘာ့အိမ်နဲ့နီးလာလေ ပိုမြန်လာလေဖြစ်နေခဲ့တယ်။ ဒီနေ့မှသိလိုက်ရတဲ့ ကမ္ဘာ့ရဲ့ယုတ်မာမူ့တွေအတွက် ကျွန်‌တော်ကမ္ဘာနဲ့မျက်နှာချင်းဆိုင်ရှင်းဖို့ လိုအပ်လာပြီလေ။ အဖြူအမည်း သဲသဲကွဲကွဲသိလိုက်ရတဲ့ကျွန်တော့်ကို ကမ္ဘာကဘယ်လိုစကားလုံးတွေနဲ့ လှည့်စားအုံးမလဲနော်။

         “သားတောင်လာပြီပဲ ...စောစောကတောင်သားရဲ့လူကသားမလာသေးလို့ဆိုပြီး ခြံထဲမှာဆင်းစောင့်နေသေးတယ် ”

        ကျွန်တော်ကမ္ဘာ့အိမ်ကိုရောက်တော့ အပြင်သွားခါနီးကားစက်နိူးဖို့ပြင်‌နေတဲ့ကမ္ဘာ့အမေက ကားထဲကနေ ကျွန်တော့်ကိုလှမ်းပြောလာတယ်။အရင်ကဆိုရင် ကမ္ဘာ့အမေကိုဖော်ဖော်ရွှေရွှေ စကားပြန်ပြောတတ်ပေမယ့် အခုတော့ကျွန်တော့်ရင်ထဲမှာဖြစ်ပေါ်နေတဲ့ ဒေါသတွေကြောင့်ဘာစကားမှပြန်မပြောဘဲ ကမ္ဘာ့အမေကိုပြုံးရုံလေးပြုံးပြခဲ့တယ်။

         ကျွန်တော်အိမ်ထဲကိုဝင်လိုက်တဲ့အချိန် ခြံထဲကနေကားမောင်းထွက်သွားတဲ့အသံကြားလိုက်ရတယ်။ ခုလိုအချိန်မျိုးမှာ ကမ္ဘာနဲ့နှစ်ယောက်တည်းရှိနေတာ ကျွန်တော့်အတွက်ပိုကောင်းသွားတာပေါ့။ ပြောချင်တာကိုလွတ်လွတ်လပ်လပ်ပြောလို့ရသွားတယ်လေ။

        “ဘာလို့နောက်ကျနေတာလဲသစ္စာ ...ငါစောစောကတောင်မင်းကိုအောက်မှာဆင်းစောင့်နေသေးတယ် ”

        ကျွန်တော်အခန်းတံခါးကိုဖွင့်လိုက်တယ်ဆိုရင်ပဲ ခုတင်ဘေးကခုံမှာထိုင်ပြီးအအေးသောက်နေတဲ့ကမ္ဘာက ကျွန်တော့်ကိုကြည့်ကာပြောခဲ့တယ်။ လောကကြီးကမတရားလိုက်တာနော် ။ ယုတ်မာကောက်ကျစ်တဲ့လူက အေးအေးလူလူနေနိုင်စားနိုင်ဖြစ်နေတဲ့အချိန်မှာ ယုတ်မာခံလိုက်ရတဲ့လူတွေကတော့ မျက်ရည်တွေနဲ့ပူပြင်းလောင်မြိုက်နေခဲ့ရတယ်။

"Falling"Opowieści tętniące życiem. Odkryj je teraz