Chapter (32)

1.5K 106 15
                                    

Unicode Version

                      

၂၄ ရက် ၅လပိုင်း ၁၉၉၁ခုနှစ်

        “အား...နာတယ်၊ ကြီးစိန်ရေလုပ်ပါအုံး ကျွန်မသေတော့မယ်ထင်တယ်”

        “နမိတ်မရှိတဲ့စကားကို ဘာလို့ပြောနေတာလဲထွေးခင် ...ခလေးကထွက်တော့မှာ ညှစ် ညှစ်”

         ဒေါ်စိန်တင်တစ်ယောက် ပြောသာပြောလိုက်ရတယ် သူကိုယ်တိုင်လည်းဇောချွေးတွေပြန်နေပြီလေ။ ထွေးခင်ရဲ့ဗိုက်ကညနေငါးနာရီလောက်ကတည်းကနာနေတာ အခုချိန်ထိခလေးကမမွေးသေး။ ဆေးရုံမှာသွားမွေးပါလို့ မမလေးကပြောတာတောင် ဆေးရုံဆေးခန်းအနံ့တွေမခံနိုင်တာကြောင့် အိမ်မှာပဲမွေးပါရစေလို့တောင်းဆိုလာတာကြောင့် အရပ်လက်သည်နဲ့မွေးနေရတဲ့အဖြစ်။ ထွေးခင်ပဲကံဆိုးတာလားမပြောတတ် အသိဆရာဝန်တွေကို မမလေးကသွားခေါ်ပေးပေမယ့် ခရီးသွားတဲ့လူနဲ့ အရေးတကြီးခွဲခန်းဝင်နေတဲ့လူနဲ့ ထွေးခင်ကိုခလေးမွေးပေးဖို့တစ်ယောက်မှခေါ်လို့မရခဲ့ဘူး။ နောက်ဆုံးတော့ ရပ်ကွက်ထဲကလက်သည်တစ်ယောက်ကိုပဲခေါ်လိုက်ရတယ်။

        “ထွေးခင် နင်အားတင်းထားနော် ဘေးမှာငါပါရှိနေပေးတယ်၊ နင်နဲ့နင့်ခလေးကျန်းကျန်းမာမာဖြစ်အောင် ငါဆုတောင်းပေးနေတယ်သိလား”

         မမလေးကထွေးခင်ရဲ့လက်တစ်ဖက်ကို အားပေးသလိုပုံစံနဲ့ဆုပ်ကိုင်ပေးပြီး ပါးစပ်ကလည်း အင်္ဂုလိမာလသုတ်ကို တောက်လျှောက်ရွတ်ပေးနေတယ်။ ထိုမြင်ကွင်းကိုကြည့်ပြီး ‌ဒေါ်စိန်တင်တစ်ယောက် ထွေးခင်ကိုစိတ်ပူနေရင်းနဲ့ ပြုံးမိသွားတယ်။ မမလေးဟာတကယ်ကိုသူတော်ကောင်းမလေးတစ်ယောက်ပါလားလို့ စိတ်ထဲကနေတွေးလိုက်မိတယ်။

        သူ့အိမ်ကအိမ်ဖော်တစ်ယောက် ခလေးမွေးနေတာကိုအနားကနေ အားပေးပြီးဆုတောင်းနေတဲ့ပုံစံက ကြည့်လိုက်တာနဲ့ကို မာနတရားကင်းစင်ပြီး စိတ်ထားဖြူစင်တဲ့လူတစ်ယောက်မှန်းသိသာစေပါတယ်။ဒီလိုမမလေးရဲ့အိမ်မှာအိမ်ဖော်ဖြစ်ရတာ ကံကောင်းလိုက်တာလို့တောင် ဒေါ်စိန်တင်တွေးလိုက်မိတယ်။

          “မွေးတော့မယ် ညှစ် ညှစ်”

          “အင့်”

"Falling"Where stories live. Discover now