Chapter (11)

1.2K 108 7
                                    

Unicode Version

        “ကဲ ...အားလုံးလူစုံပြီဆိုရင် သွားကြစို့ဟေ့”

        ကျွန်တော်တို့လမ်းထဲက ကာလသားခေါင်းဆောင်ဖြစ်တဲ့ကိုနေမိုးရဲ့ ဆော်ဩသံအဆုံးမှာ လမ်းထဲမှာရှိတဲ့လူငယ်တွေအကုန်လုံးနဲ့အတူ ကျွန်တော်နဲ့ဖိုးသစ်ပါ ဘုရားဝင်းထဲကိုလျှောက်လာခဲ့လိုက်တယ်။ မနက်ဖြန်ဟာ တပေါင်းလပြည့်နေ့ဖြစ်တာကြောင့် ကျွန်တော်တို့မြို့ရဲ့သမိုင်းဝင် ဒီပါရုံစေတီတော်မြတ်ကြီးမှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နှစ်စဉ်နှစ်တိုင်းစည်စည်ကားကားကျင်းပနေကျလေ။

         ဆွမ်းဆန်စိမ်းလောင်းလှူတဲ့အခါမှာ ပိုက်ဆံတတ်နိုင်တဲ့လူတွေက ဘုရားဂေါပကအဖွဲ့ကရောင်းတဲ့ဆန်အိတ်တွေကို တတ်နိုင်သလောက်ဝယ်ပြီးလောင်းလှူကြသလို ပိုက်ဆံမတတ်နိုင်တဲ့လူတွေကလည်း မိမိတို့အိမ်မှာရှိတဲ့ဆန်လေးတွေကိုယူလာကြပြီး လောင်းလှူကြတယ်။

         အဲ့လိုလောင်းလှူတဲ့အခါမှာလည်း စနစ်တကျရှိစေဖို့အတွက် ဘုရားပတ်ပတ်‌လည်မှာ မျဉ်းလေးတွေတားကာ နံပါတ်လေးတွေကိုအစဉ်လိုက်‌မြေဖြူခဲလေးနဲ့ အမှတ်အသားလုပ်ပေးထားတယ်။ ဆွမ်းဆန်စိမ်းလောင်းတဲ့လူတွေဟာ မိမိတို့ကိုဂေါပကအဖွဲ့ကပေးထားတဲ့နံပါတ်နေရာလေးမှာပဲရပ်ပြီး စနစ်တကျလောင်းလှူကြရတယ်။ဆွမ်းဆန်စိမ်းလောင်းလှူတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နေရာလုကြတဲ့ပြသနာတွေ မဖြစ်ပေါ်လာအောင် ဘုရားဂေါပကအဖွဲ့က နှစ်စဉ်နှစ်တိုင်း သေသေချာချာလေး လုပ်ပေးထားတာမို့ အားလုံးစိတ်ချမ်းချမ်းသာသာနဲ့ ကုသိုလ်ယူလို့ရတာပေါ့။

        ဆွမ်းဆန်စိမ်းလောင်းလှူပွဲဟာ ‌တပေါင်းလပြည့်နေ့မနက်‌ခြောက်နာရီလောက်မှာ စတင်တာကြောင့် တပေါင်းလပြည့်နေ့မတိုင်ခင် ဒီနေ့လိုညဘက်မှာ ကျွန်တော်တို့လမ်းထဲက ကာလသားခေါင်းဆောင်ကိုနေမိုးဦးဆောင်ပြီး လမ်းထဲမှာရှိတဲ့လူငယ်တွေအကုန်လုံးဟာ ဘုရားဝင်းထဲကိုလာပြီး ဆန်အိတ်တွေကို သတ်မှတ်ထားတဲ့နံပါတ်တွေအလိုက် အဆင်သင့်ဖြစ်အောင်နေရာလိုက်ချထားပေးရတယ်။ဒါဟာ ဟိုးအရင်လူကြီးတွေလက်ထက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ကျွန်တော်တို့မြို့ရဲ့အစဉ်အလာတစ်ခုပေါ့။

"Falling"Where stories live. Discover now