Chapter (40)

1.4K 105 19
                                    

Unicode Version

               

        လူတိုင်းမှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့အချိန်တစ်ခုဆိုတာ ရှိကြမှာပါ။ တကယ့်အဖြစ်မှန်ကို ကိုယ်တစ်ယောက်တည်းသိပြီး ဘယ်သူ့ကိုအပြစ်လို့တင်ရမှန်းမသိတဲ့ အချိန်တစ်ခုကို ကျွန်‌တော်ဖြတ်သန်းနေခဲ့ရပါတယ်။

         အဖေနဲ့‌အမေ ကျွန်တော့်ကိုပြောပြတဲ့စကားအရဆိုရင် ကျွန်တော့်အမေအရင်းကို ကားနဲ့တိုက်သတ်သွားတယ်ဆိုတာမှန်ပေမယ့် ကားမောင်းတဲ့လူကဘယ်သူဆိုတာကို ကျွန်တော်တို့တစ်ယောက်မှသေသေချာချာမသိခဲ့ကြဘူးလေ။ ဒါကြောင့် ဘယ်သူ့ကိုမှရမ်းသမ်းပြီး မစွပ်စွဲချင်သေးပါဘူး။ ကျွန်တော့်အမေကိုကားနဲ့တိုက်သတ်သွားတဲ့ လူသတ်သမားကို ကျွန်တော်ရအောင်ရှာပြီး အပြစ်ပေးဖို့အတွက် ဘယ်ကစရမှန်းမသိဖြစ်နေခဲ့ပါတယ်။

        အဆုံးကိုသေချာသိချင်ရင် စခဲ့တဲ့နေရာကနေပြန်ကြည့်မှမြင်နိုင်မယ်တဲ့။ ဒါဆိုရင်အရာရာတိုင်းရဲ့အစနေရာဖြစ်တဲ့ ကမ္ဘာတို့အိမ်ကနေစပြီး ကျွန်‌တော်သိချင်တဲ့အရာမှန်သမျှကို ရှာဖွေရမှာပေါ့။ ဒါပေမယ့် ကမ္ဘာ့အိမ်ကိုတစ်ခါမှတောင်မရောက်ဘူးတဲ့ကျွန်တော်က ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရခက်နေခဲ့ပါတယ်။

        ကျွန်တော့်အမေကိုကားနဲ့တိုက်ပြီးထွက်ပြေးသွားတဲ့လူက စိမ်းရဲ့အဖေဦးမင်းထင်စည်ဖြစ်နေခဲ့ရင်တောင် စိမ်းအပေါ်ကိုကျွန်တော်မနာကျည်းသင့်ဘူးလို့ တွေးနေမိခဲ့တယ်။ အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေအားလုံးက စိမ်းနဲ့မှမဆိုင်ဘဲလေနော်။ တကယ်ဆိုရင် စိမ်းကကျွန်တော့်ထက်တောင် ပိုပြီးသနားစရာကောင်းနေခဲ့တာမလား။ဦးမင်းထင်စည်က သူ့အဖေအရင်းမှန်းမသိပဲ တစ်သက်လုံးနားကျည်းမုန်းတီးနေခဲ့ရတဲ့အပြင် သူ့အဖေကကျွန်တော်အမေကိုသတ်တဲ့ လူသတ်သမားဖြစ်နေခဲ့တယ်ဆိုတာ သိသွားခဲ့ရင် ဘယ်လောက်တောင်ပူဆွေးသောကရောက်လိုက်မလဲ။

        အပြစ်ရှိတဲ့လူကိုပဲအပြစ်ပေးပြီး အပြစ်မဲ့တဲ့လူကိုတော့ ဒီအတိုင်းလေးပဲပျော်ပျော်ရွှင်ရွှင်ရှိနေဖို့အတွက် ကျွန်တော်ဆုံးဖြတ်ထားခဲ့ပါတယ်။ စိမ်းနဲ့ကျွန်‌တော်ရဲ့ကြားက တည်ဆောက်ထားတဲ့သူငယ်ချင်းသံယောဇဉ်ကိုတော့ စိမ်းမလုပ်ခဲ့တဲ့အရာတွေနဲ့ပက်သက်ပြီး အပျက်အစီးမခံနိုင်ပါ။

"Falling"Where stories live. Discover now