chapter (46)

2.1K 120 24
                                    

Unicode Version

                    

        “မင်းရောဘာမှမစားတော့ဘူးလားသစ္စာ ”

        ထမင်းစားပွဲမှာဝင်ထိုင်ရင်း မေးလာတဲ့ကမ္ဘာ့ကို ကျွန်တော်ခေါင်းခါပြလိုက်ပြီး မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်တော့ ကမ္ဘာကမသိမသာသက်ပြင်းချတယ်။ ခုနောက်ပိုင်းမှာ တတ်နိုင်သမျှ ကမ္ဘာ့နဲ့နီးနီးကပ်ကပ်မနေဖြစ်အောင် ကျွန်တော်ဆင်ခြင်ခဲ့ပါတယ်။ ဒါကို ကမ္ဘာကလည်းရိပ်မိနေပေမယ့် အရင်ကလိုဘာတစ်ခုမှထုတ်ဖော်ပြောလာခြင်း မရှိခဲ့ပါဘူး။

         ကမ္ဘာကအခုနောက်ပိုင်းမှာ အရမ်းပြောင်းလဲသွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ အရင်လိုစိတ်ဆိုးဒေါသထွက်တာတွေမရှိတော့ပဲ တိတ်တိတ်ဆိတ်ဆိတ်နေလာခဲ့တာထူးဆန်းလွန်းနေတယ်။သူ့အမေက လူသတ်သမားမှန်းသိသွားပြီးတဲ့နောက်မှာ ပိုလို့တောင်တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။အရင်ကဆိုရင် ကမ္ဘာ့ရဲ့မျက်နှာအမူအရာ ၊အပြုအမူ ၊အပြောအဆိုတွေကိုကြည့်ပြီး ကမ္ဘာဘာတွေဖြစ်နေတယ်ဆိုတာကို ကျွန်တော်ခန့်မှန်းနိုင်ပေမယ့် အခုတော့ ကမ္ဘာ့စိတ်ထဲမှာဘာတွေတွေးနေသလဲဆိုတာကို ကျွန်တော်ခန့်မှန်းလို့မရဖြစ်နေခဲ့ပါတယ်။

       ဆရာဝန်ပြောသလိုမျိုး ကမ္ဘာ့မှာစိတ်ကျရောဂါရှိနေလို့များ အခုလိုပုံစံဖြစ်သွားရသလားဆိုတာ ကျွန်တော်မပြောတတ်ပါ။

        “မင်းစိတ်ထဲမှာ ငါတို့မိသားစုကိုရွံ့နေပြီလား သစ္စာ ”

        ပန်းကန်ထဲမှာထည့်ထားတဲ့ဆန်ပြုတ်ကို တစ်ဇွန်းခပ်သောက်ပြီး ခေါင်းမော့ကာ ကမ္ဘာကမေးလာခဲ့တော့ ကျွန်တော့်မှာချက်ချင်းဘာဖြေရမှန်းမသိဖြစ်သွားခဲ့ပါတယ်။ ဒီမိသားစုကြီးကို ရွံ့ရှာမိတာထက် မုန်းတီးမိတဲ့စိတ်က ကျွန်တော့်ရင်ထဲမှာပိုပါတယ်။ ကိုယ်လိုချင်တာရဖို့အတွက် လူတိုင်းကိုချနင်းပြီးနေနေတဲ့ ဒီမိသားစုကိုမှ မမုန်းတီးရင် ဘယ်မိသားစုကိုသွားပြီးမုန်းတီးရမလဲ။

        “စားစရာရှိတာသာစားစမ်းပါ ကမ္ဘာ ၊ မင်းစားပြီးသွားရင် ဆေးသောက်ရအုံးမှာမလား ”

"Falling"Where stories live. Discover now