Chapter (15)

1.2K 110 12
                                    

Unicode Version

            
     
        “ဟိုကောင်ဓန ဘာလို့မလာသေးတာလဲမသိဘူးနော်”

        အတန်းရှေ့မှာချိတ်ထားတဲ့တိုင်ကပ်နာရီကို ကျွန်တော်လှမ်းကြည့်လိုက်ပြီး ဘေးနားမှာထိုင်နေတဲ့ကမ္ဘာကြားအောင် တိုးတိုးလေးပြောလိုက်တယ်။ ပုံမှန်ဒီအချိန်ဆို ဓနတစ်ယောက်ကျောင်းကိုရောက်နေမှာဖြစ်ပေမယ့် ဒီနေ့တော့ ကျောင်းခေါ်ဖို့ငါးမိနစ်ပဲလိုတော့တာတောင် ဓနကပေါ်မလာခဲ့ပေ။ဒီကောင်ကျောင်းကိုလာတဲ့လမ်းမှာ တစ်ခုခုများဖြစ်နေပြီလားလို့တွေးမိတော့ ကျွန်‌တော်ဓနအတွက်စိတ်ပူမိသွားတယ်။

        ညကကမ္ဘာ့အိမ်မှာအိပ်ခဲ့ပြီး ကျောင်းကိုကမ္ဘာနဲ့အတူတန်းလာခဲ့တာကြောင့် ဓနကိုတစ်ယောက်ထဲပစ်ထားသလို ဖြစ်သွားခဲ့တယ်ထင်တယ်။

        မနေ့ညက ကမ္ဘာ့ကိုစိတ်ပူပြီး ဓနကိုအသိမပေးဖြစ်ခဲ့ဘဲ အိမ်ကနေကျွန်တော်တစ်ယောက်တည်း ထွက်လာခဲ့မိတာကို ဓနတစ်ယောက်သိပြီး စိတ်ဆိုးနေသလားမသိ။ ဘာပဲဖြစ်ဖြစ် ဓနစိတ်ဆိုးခဲ့တယ်ဆိုရင်တောင် ကျောင်းမှာတွေ့တဲ့အခါ ပြန်ချော့ဖို့အတွက် ကျွန်တော်အသင့်ပြင်ထားပြီးသားလေ။ ဓနဆိုတဲ့ကောင်က ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ ကျွန်တော်ချော့လိုက်ရင် ခဏလေးနဲ့စိတ်ဆိုးပြေတတ်တဲ့လူတစ်ယောက်မလား။

        “ဒီအချိန်မှမလာဘူးဆိုရင် ခွင့်ယူထားတယ်ထင်တယ်သစ္စာ”

        ဘေးနားမှာထိုင်နေတဲ့ကမ္ဘာ့ဆီက စကားသံထွက်လာတော့ နောက်တစ်ခါအခန်းရှေ့ကတိုင်ကပ်နာရီကို ကျွန်တော်ထပ်ကြည့်မိလိုက်တယ်။

       “ခွင့်ယူထားရအောင် ဒီကောင်ကဘာဖြစ်နေလို့လဲမသိဘူး ၊ နေမကောင်းတာလည်းမဖြစ်နိုင်ဘူး မနေ့ကညနေကျူရှင်ဆင်းတုန်းကတောင် ဒီကောင်ပုံစံကအကောင်းကြီးရှိနေတာပဲကို”

        “နေကောင်းပေမယ့်လည်း ဓနမှာမင်းမသိသေးတဲ့အခြားအကြောင်းလေးတွေ ရှိလို့နေမှာပေါ့ကွ ”

        ကမ္ဘာ့စကားကို ကျွန်တော်တစ်ခုခုပြန်ပြောဖို့အတွက် ဟန်ပြင်လိုက်ပေမယ့် ကျွန်တော့်အပေါ်ကမ္ဘာတစ်မျိုးထင်သွားမှာစိုးတာကြောင့် ကျွန်တော်နူတ်ကဘာစကားမှထပ်မ‌ပြောဖြစ်ခဲ့ဘူး။ တကယ်ဆိုရင် ဘေးနားမှာရှိနေတဲ့ကမ္ဘာ့ကိုပဲ ကျွန်တော်ဂရုစိုက်သင့်တာမလား။တကယ်နေမကောင်းဖြစ်ခဲ့တာက ကမ္ဘာလေ။

"Falling"Where stories live. Discover now