Chapter (44)

1.3K 92 17
                                    

Unicode Version

                          

        ဓနရဲ့တောင်းဆိုမူ့ကြောင့် ကမ္ဘာ့အိမ်မှာကမ္ဘာနဲ့အတူတူလာနေရပေမယ့် ကျွန်တော့်စိတ်တွေက ဓနဆီကိုသာရောက်နေခဲ့ပါတယ်။ကမ္ဘာကတော့ ကျွန်တော့်အပေါ်အရင်ကလိုပဲ ဂရုစိုက်ကာအရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေဆဲပါပဲ။ ကျွန်တော့်စိတ်တွေသူ့အပေါ်မှာမရှိတော့တာကို ရိပ်မိနေခဲ့ပေမယ့်လည်း မနှစ်မြိုတဲ့ပုံစံမပြခဲ့ပါ။

         ကျွန်တော်ဘယ်လိုပဲနေနေ ဘာတွေပဲလုပ်လုပ် အနားကနေငြိမ်ငြိမ်လေးသာ ရှိနေပေးခဲ့တယ်။ ထူးဆန်းတာတစ်ခုကတော့ ကျွန်တော့်အနားမှာရှိနေပေမယ့်လည်း အရင်ကလိုမျိုးကျွန်တော့်ကိုပွေ့ဖက်နမ်းရိူက်တာတွေမရှိတော့တာပါပဲ။ ကျွန်တော်မကြိုက်မှန်းသိနေလို့ထင်ပါရဲ့။ခု‌နောက်ပိုင်းမှာ ကျွန်တော့်ခွင့်ပြုချက်မရဘဲ ကျွန်တော့်အသားကိုတောင်လာမထိခဲ့ပါဘူး။ အရာအားလုံးအတွက် ကမ္ဘာ့ကိုအားနာစိတ်ဖြစ်မိပေမယ့် ဒါဟာသူလုပ်ခဲ့တဲ့အရာတွေအတွက် သူရခဲ့တဲ့ပြစ်ဒဏ်ပဲမဟုတ်လား။

        “မင်းငါ့ကိုမလိမ်နဲ့ခက် အဲ့ညကဘာတွေဖြစ်ခဲ့သလဲဆိုတာ ငါ့ကိုအမှန်အတိုင်းပြောပြစမ်းပါ”

        “ခက်ကဘာကိုလိမ်ရမှာလဲကိုစည် ၊ ဖြစ်သမျှအကုန်လုံးကို ခက်အားလုံးပြောပြပြီးပြီပဲ ကိုစည်ကဘာလို့ခက်လို့မယုံကြည်နိုင်ဖြစ်နေရတာလဲ”

        ကျွန်တော်နဲ့ကမ္ဘာဆိုင်ကနေအိမ်ကိုပြန်လာတဲ့အချိန် အပေါ်ထပ်ဆီမှ ဦးမင်းထင်စည်တို့အခန်းထဲကနေထွက်ပေါ်လာတဲ့အသံတွေကြောင့် ကျွန်တော်စိတ်ဝင်စားစွာ သူတို့အခန်းနားကိုကပ်လာခဲ့လိုက်တယ်။ ပြီးတော့ ကိုယ်နဲ့မကွာဆောင်ထားခဲ့တဲ့ အသံဖမ်းစက်လေးကို ကျွန်တော့်အနောက်ကကပ်ရပ်နေတဲ့ကမ္ဘာမသိအောင် ဘောင်းဘီအိတ်ထဲကနေထုတ်ကာ ခလုတ်လေးကိုဖွင့်ထားလိုက်တယ်။

         “သူတို့ဘာသာရန်ဖြစ်နေကြတာ ငါတို့နဲ့မဆိုင်ဘူးထင်တယ်သစ္စာ၊ ငါတို့အခန်းထဲကိုပဲ သွားကြရအောင်လေနော်”

       “မင်းသွားချင်သွားကမ္ဘာ ငါကတော့နည်းနည်းလေးစိတ်ဝင်စားတာမို့ ဆက်နားထောင်ချင်သေးတယ်”

"Falling"Where stories live. Discover now