Chapter (6)

1.4K 127 4
                                    

Unicode Version

ဘဝဆိုတာ ပင်လယ်လိုပဲလို့ ကျွန်တော်ထင်တယ် ။ တစ်ခါတစ်လေကြမ်းတမ်းတဲ့ မုန်တိုင်းတွေတိုက်ခတ်တတ်သလို တစ်ခါတစ်လေကျတော့လည်း ဘာမှမဖြစ်သလို တည်ငြိမ်နေပြန်ရော ။ ခဏတာဖြစ်ခြင်းနဲ့ ပျက်ခြင်းသဘောတရားတွေကို ကြံ့ကြံ့ခံပြီးမာန်တင်းနိုင်တာလည်း ပင်လယ်ပဲ။

ကျွန်တော်က ပင်လယ်ကြီးကို ငယ်ငယ်လေးကတည်းကသိပ်သဘောကျခဲ့တာ။ ကျွန်တော့်ဘဝက ပင်လယ်နဲ့တူနေလို့လေ ။ကြမ်းတမ်းသွားလိုက် တည်ငြိမ်သွားလိုက် ၊ မြင့်သွားလိုက် နိမ့်သွားလိုက်နဲ့ ဘယ်တော့မှတည်မြဲတယ်လို့ကိုမရှိဘူး။ တစ်ခါတစ်လေ ဆုံးသွားရှာတဲ့ အဖေ့ကိုလွမ်းသလို အသက်ရှင်လျက်ရှိနေတဲ့ အမေ့ကိုလည်းလွမ်းတယ်။ ဟိုးအရင်ဘဝက ဘယ်လိုကြီးမားတဲ့ အကုသိုလ်တွေလုပ်ခဲ့လို့ ဒီဘဝမှာမိစုံဖစုံမနေရဘဲ သေကွဲတွေ ရှင်ကွဲတွေ နေနေရသလဲဆိုတာ ကျွန်တော်တွေးလို့တောင်မရဘူး။

"အမေမှာထားတာတွေကိုလုံးဝမမေ့နဲ့နော်...သားရဲ့စိတ်တိုင်းကျ အခုလိုတစ်ယောက်တည်းအမေနဲ့အဝေးမှာ နေခွင့်ပြုထားတဲ့အတွက် တန်ရာရာတန်ကြေးတော့သားဆီကအမေပြန်လိုချင်တယ်၊ ဘယ်လောက်ပဲပျော်ရွှင်စရာတွေနဲ့ကြုံကြုံ ဘယ်လောက်ပဲဝမ်းနည်းစရာတွေနဲ့ပဲကြုံကြုံ အမေတို့ရဲ့ပန်းတိုင်ကိုမေ့မသွားနဲ့ကြားလား..."

ရန်ကုန်ကိုပြန်ခါနီးကျွန်တော့်ကိုသတိပေးခဲ့တဲ့ အမေ့စကားသံတွေကို ပြန်ကြားယောင်မိတော့ ပထွေးရဲ့မျက်နှာကိုမြင်ယောင်မိပြီး ကျွန်တော်အံကြိတ်မိသွားတယ်။တကယ်တော့ကျွန်တော်အခုလို အမေနဲ့အဝေးတစ်နေရာကိုထွက်လာရခြင်းက အိမ်မှာရှိနေတဲ့အမေ့နောက်ယောကျာ်းနဲ့မျက်နှာချင်းမဆိုင်ချင်လို့လေ။ တစ်နေ့တစ်နေ့ ကိုယ့်အဖေမဟုတ်တဲ့လူတစ်ယောက်ကို ကိုယ့်အဖေနေရာမှာထားပြီး ပြောဆိုဆက်ဆံရမှာကို ကျွန်တော်မုန်းတယ်။ အမေ့နောက်ယောကျာ်းလည်းဘာထူးလဲ...။ ကျွန်တော့်ကိုဆို တစ်စက်ကလေးမှကြည့်မရဖြစ်နေတာမလား.....။

အမြဲမျက်နှာချင်းဆိုင်မိတိုင်း တစ်ယောက်နဲ့တစ်ယောက်ရန်သူတွေလိုဖြစ်နေကြတာ ၊ တစ်ခါတစ်လေ ကျွန်တော့်အပေါ်ကိုယ်ထိလက်ရောက်ကျူးလွန်လာတာတွေကို ကျွန်တော်ဘယ်လိုမှသည်းမခံနိုင်ဖြစ်ခဲ့ရတယ်။ပထွေးဆိုတာမျိုးက ဘယ်လောက်ပဲဟန်ဆောင်ထားနေပါစေ တစ်ချိန်မဟုတ်တစ်ချိန်တော့ ပထွေးစိတ်က ပေါ်လာတတ်တာပဲလေ။ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတစ်ခုရအောင်လုပ်ခံရတိုင်း အမေ့နောက်ယောကျာ်းကို ကျွန်တော်တစ်ခါမုန်းတယ်။

"Falling"Where stories live. Discover now