Unicode Version
ဟိုတစ်နေ့ကတော်ဝင်စင်တာမှာဓနကိုတွေ့လိုက်ရပေမယ့် စကားပြောခွင့်မရခဲ့တဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော်မေးခွန်းတွေပြန်ထုတ်မေးနေမိခဲ့တယ်။ ဓနကကျွန်တော့်ကိုဘာလို့ရှောင်နေသလဲဆိုတဲ့အဖြေကို ကျွန်တော်ရှာဖို့လိုအပ်လာပြီလေ။ ဓနနဲ့အတူပါလာတဲ့ကောင်ရဲ့စကားတွေကို ပြန်ကြားယောင်မိတော့ ကျွန်တော့်စိတ်ထဲမှာနားမလည်နိုင်မူ့တွေ မွန်းကျပ်မူ့တွေဟာ တိတ်တိတ်လေးဖြစ်ပေါ်လာခဲ့ပါတယ်။အရာအားလုံးကိုသိနေတဲ့လူတစ်ယောက်လိုမျိုး အသေအချာစွပ်စွဲပြောဆိုခဲ့တဲ့ ဓနအသိကောင်ရဲ့စကားတွေဟာ ကျွန်တော့်ကိုညတိုင်းအိပ်မရအောင်ဖြစ်စေခဲ့ပါတယ်။ဓနနဲ့ကမ္ဘာကြားမှာ ကျွန်တော်မသိလိုက်တဲ့အဖြစ်အပျက်တွေရှိနေသလား ။ ဒါမှမဟုတ် ကျွန်တော်သိပ်ချစ်ရတဲ့ကမ္ဘာက ဓနအပေါ်ဘယ်သူမှလက်မခံနိုင်လောက်တဲ့ယုတ်မာမူ့တွေကို တကယ်ပဲလုပ်ခဲ့တာလားဆိုတာ ကျွန်တော်အမြဲတွေးနေမိခဲ့တယ်။
“ကျွန်တော့်စကားတွေကရမ်းသမ်းစွပ်စွဲတာလားအမှန်လားဆိုတာ ခင်ဗျားရဲ့ချစ်သူကမ္ဘာ့ကိုအရင်ဆုံးသွားပြန်မေးလိုက်လေ ...ဓနအပေါ်မှာဘယ်လိုယုတ်မာမူ့မျိုးကိုလုပ်ခဲ့လဲဆိုတာ ခင်ဗျားသိအောင်သူ့ကိုသေသေချာချာပြန်မေးလိုက် ၊ ပြီးတော့ခင်ဗျားကိုယ်တိုင်လည်း ဓနအပေါ်မှာလူစိတ်ရှိခဲ့ရဲ့လား ကိုယ်ချင်းစာခဲ့ရဲ့လားဆိုတာ ခင်ဗျားကိုယ်ခင်ဗျားပြန်မေးကြည့်လိုက် သစ္စာတည်တံ့ ”
ဟိုတစ်နေ့က ဓနဘေးကကောင်ပြောခဲ့တဲ့စကားတွေကို ပြန်ကြားယောင်မိတော့ ကျွန်တော်ခေါင်းတွေကိုခါပစ်လိုက်မိတယ်။ ကမ္ဘာကဓနအပေါ်တကယ်ပဲ ကျွန်တော်မသိအောင်ယုတ်မာမူ့တွေလုပ်ခဲ့တာလား။လုပ်ခဲ့တယ်ဆိုရင်ရော ကျွန်တော်ဘာဆက်လုပ်သင့်သလဲ။ အဖြေမရှိတဲ့မေးခွန်းတွေဟာ ကျွန်တော်အတွေးတွေထဲမှာထပ်ခါထပ်ခါဖြစ်ပေါ်နေခဲ့တယ်။
ကျွန်တော်တွေးနေတဲ့မေးခွန်းအားလုံးရဲ့အဖြေဟာ ကမ္ဘာဖြစ်နေတာမို့ နောက်ဆုံးမှာတော့ကမ္ဘာ့ဆီကိုကျွန်တော်ထွက်လာခဲ့လိုက်တယ်။ ကျွန်တော်က ကမ္ဘာ့ကိုသိပ်ချစ်တာမှန်ပေမယ့် ကျွန်တော့်ကိုငယ်ငယ်လေးကတည်းက ပေးဆပ်မူ့တွေနဲ့ချစ်လာခဲ့တဲ့ဓနကို ထိခိုက်အောင်လုပ်ခဲ့တယ်ဆိုရင် ဘာဆက်လုပ်ရမလဲဆိုတဲ့မေးခွန်းကို လမ်းတစ်လျှောက်ကျွန်တော်တွေးနေခဲ့မိတယ်။
YOU ARE READING
"Falling"
RomanceUnicode Version ကံကောင်းစွာပဲ ကျွန်တော့်အချစ်တွေ သူ့အတွက်ကြွေကျခွင့်ရခဲ့တယ်... ကံဆိုးစွာပဲ အားလုံးနင်းခြေခံလိုက်ရတယ်... Start date = 6.6.2022 (Mon) End date =20.10.2022 (Thu) Zawgyi Version ကံကောင်းစွာပဲ ကျွန်တော့်အချစ်တွေ သူ့အတွက်ကြွေကျခွင့်ရခဲ့တယ်...