Chapter (19)

1.2K 122 16
                                    

Unicode Version

                  
        သူ့ဘဝရဲ့အမှန်းတရားဆိုတဲ့အရာကို ဓနတစ်ယောက်သိသွားပြီးတဲ့နောက်မှတော့ အမြဲတမ်းတမိူင်မိူင်တထွေထွေနဲ့ ဖြစ်လာခဲ့တယ်။ ကျောင်းစာကိုလည်းစိတ်မဝင်စားတော့သလိုပုံစံမို့ ကျွန်တော်ကပဲဓနအတွက်အစစအရာရာ ကူညီပေးဖြစ်ခဲ့တယ်။ ဓနအတွက်အလွယ်တကူကျက်လို့ရအောင် မှတ်စုလေးတွေလုပ်ပေးတာကအစ စာမေးပွဲအတွက်ဖောင်ဝယ်ပေးတာတွေအဆုံး ကျွန်တော်ပဲဂရုတစိုက်လုပ်ပေးဖြစ်ခဲ့တယ်။ ဓနကိုပဲဂရုစိုက်နေရလို့လားမသိ အခု‌တလောကမ္ဘာ့ကိုတောင်ဂရုစိုက်ဖို့မေ့နေတဲ့အခိုက်အတန့်လေးတွေ ကျွန်တော့်မှာရှိခဲ့ပါတယ်။

        “ရော့...ဒါမင်းအတွက်မေးခွန်းဟောင်းတွေထဲက ဆရာရွေးပေးထားတဲ့အပုဒ်တွေကို ငါမင်းအတွက်သီးသန့်မှတ်ပေးထားတာ ”

        စာကြည့်စားပွဲမှာထိုင်နေရင်း ကျွန်တော်ပေးတဲ့စာအုပ်ကိုလှမ်းယူလိုက်ပေမယ့် ဓနရဲ့ပုံစံကအသက်မပါသလိုမျိုးဖြစ်နေတယ်။ ဒီကောင်အခုနောက်ပိုင်း အစားလည်းသေချာမစားဘူးဆိုပြီးအန်တီဥမ္မာကကျွန်တော့်ကိုပြောတယ်။ ဒီလိုပုံစံအတိုင်းသာဆက်သွားနေမယ်ဆိုရင် ဒီနှစ်ဆယ်တန်းကို ဒီကောင်ဘယ်လိုမှမအောင်နိုင်မှန်း ကျွန်တော်တွေးကြည့်တာနဲ့သိတယ်။ ကမ္ဘာကတော့ စာမေးပွဲဖြေခါနီးလေးစာကျက်ဖို့အတွက်ကျောင်းပိတ်ပေးတာကို သူ့အမေရှိတဲ့ရန်ကုန်ကိုခဏပြန်သွားလေရဲ့။ ဓနကိုပဲဂရုစိုက်နေလို့ကျွန်တော့်ကိုတောင် ကမ္ဘာကစိတ်ဆိုးနေသလားမပြောတတ်။ ပြန်တာတောင်ကျွန်တော်တို့ကိုလာမနူတ်ဆက်သွားဘူး။

        “ငါ...ငါ့အမေကိုကားနဲ့တိုက်သတ်သွားတဲ့လူယုတ်မာတွေကို ရှာပြီးအသေသတ်ချင်လိုက်တာဖိုးသစ်ရာ”

        အဆက်အစပ်မရှိဓနနူတ်ကနေထွက်‌လာတဲ့စကားကြောင့် ကျွန်တော့်ရဲ့စိတ်အစဉ်က လက်ရှိကိုပြန်ရောက်လာခဲ့တယ်။ ဓနဟာ ဘယ်လိုမှဖြောင်းဖျလို့မရတဲ့လူတစ်ယောက်မှန်း အစောကတည်းက ကျွန်တော်သိနေပြီးသားမို့ အလိုက်သင့်လေးပဲခေါင်းညိမ့်ပြလိုက်မိတယ်။

        “မင်းရဲ့ဆန္ဒတွေကိုဆယ်တန်းဖြေပြီးသွားရင် မင်းနဲ့အတူတူငါပါလိုက်ပြီးဖြည့်ဆည်းပေးမယ်ဓန ၊ ဒါပေမယ့်အခုလိုစာမေးပွဲဖြေဖို့အရမ်းနီးကပ်နေတဲ့အချိန်မှာတော့ မင်းစာကိုပဲစိတ်ဝင်တစားလုပ်သင့်တယ်လို့ငါထင်တယ်ကွာ ၊ ငါအခုလိုပြောတာမင်းအခုဖြစ်နေတဲ့ခံစားချက်တွေကို ကိုယ်ချင်းမစာလို့မဟုတ်ဘူးနော်ဓန...

"Falling"Where stories live. Discover now