Unicode Version
လွန်ဆွဲခြင်း...တဲ့။ အရင်ကဒီစကားကိုကျွန်တော်ခဏခဏကြားဖူးခဲ့ပေမယ့် တကယ့်အနှစ်သာရက ဘယ်လောက်အထိနက်နက်ရိူင်းရိူင်းရှိတယ်ဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။ ဒါပေမယ့်အခုတော့ လွန်ဆွဲခြင်းရဲ့နက်ရိူင်းမူ့ကို ကျွန်တော်နဖူးတွေ့ဒူးတွေ့ကြုံနေခဲ့ရပြီလေ။
တစ်ဖက်ကကျွန်တော်ရင်ထဲကနေ ရုတ်တရက်ပြောင်းလဲလာတဲ့ချစ်ခြင်းတရား ၊ တစ်ဖက်က ကျွန်တော့်တို့မိသားစုတစ်ခုလုံးကို ကယ်တင်ထားတဲ့ကျေးဇူးတရား ၊ ဒီနှစ်ခုလွန်ဆွဲခြင်းရဲ့ကြားထဲမှာ ကျွန်တော့်နှလုံးသားက မြေစာပင်ဖြစ်ခဲ့ရပြီထင်ပါရဲ့။
ခုချိန်ထိ ကျွန်တော်မျက်လုံးမှိတ်လိုက်တိုင်း မြင်ယောင်လာတဲ့ ဓနရဲ့နာနာကျည်းကျည်းအကြည့်တွေဟာ ကျွန်တော့်ဘဝကိုနေ့စဉ်နဲ့အမျှသတ်နေခဲ့ပါတယ်။ နားတွေပိတ်ထားပေမယ့် ခဏခဏကြားယောင်မိနေတဲ့ ဓနရဲ့နာကျင်မူ့စကားသံတွေဟာ ကျွန်တော်ရဲ့နှလုံးသားကို ဓားနဲ့အခါခါထိုးနေသလို ခံစားနေခဲ့ရပါတယ်။
ကျွန်တော်ဆိုတဲ့ကောင်က နှလုံးသားရဲ့ကျိန်စာကို လှလှပပကြီးမိနေခဲ့ပြီထင်ပါရဲ့ဗျာ။ ရှေ့မကြည့်နောက်မကြည့် ပြောလိုက်မိတဲ့ကျွန်တော့်ရဲ့စကားတွေက ကျွန်တော်ချစ်ရတဲ့ဓနကို နာကျင်စေခဲ့တဲ့အတွက် ကျွန်တော်တကယ်ကိုနောင်တတရားတွေရနေခဲ့ပါပြီ။
တကယ်တော့ ကမ္ဘာ့ရှေ့မှာဓနကိုမချစ်ကြောင်း ပြောနေခဲ့တဲ့အချိန်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း နာကျင်နေခဲ့ရတယ်ဆိုတာ ကျွန်တော်အသိဆုံးပါ။ဒါပေမယ့် ကျွန်တော်ဘာမှမတတ်နိုင်ခဲ့ဘူးလေ။ ကမ္ဘာ့ကိုနောက်တစ်ခါမထိခိုက်အောင် သေချာလေးဂရုစိုက်ပေးဖို့ အမေကိုယ်တိုင်ကလည်း ကျွန်တော့်ကိုအခါခါသတိပေးခဲ့တယ်လေ။ ပြီးတော့ ကမ္ဘာ့အမေဒေါ်မြမြခက်ကလည်း သူ့သားအခုလိုတွေဖြစ်တာ ကျွန်တော့်ကြောင့်လို့စွပ်စွဲရုံတင်မက ကျေးဇူးမကန်းဖို့ကို စကားလုံးလှလှတွေသုံးပြီး အခါခါသတိပေးလာခဲ့တာမလား။
ကမ္ဘာ့ရဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာ့ကိုသေလောက်အောင်မုန်တီးနေခဲ့ပေမယ့် ကျေးဇူးတရားဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့ကျွန်တော့်ကိုယ်ကျွန်တော်လည်း တကယ်မုန်းတီးမိပါတယ်။
VOUS LISEZ
"Falling"
Roman d'amourUnicode Version ကံကောင်းစွာပဲ ကျွန်တော့်အချစ်တွေ သူ့အတွက်ကြွေကျခွင့်ရခဲ့တယ်... ကံဆိုးစွာပဲ အားလုံးနင်းခြေခံလိုက်ရတယ်... Start date = 6.6.2022 (Mon) End date =20.10.2022 (Thu) Zawgyi Version ကံကောင်းစွာပဲ ကျွန်တော့်အချစ်တွေ သူ့အတွက်ကြွေကျခွင့်ရခဲ့တယ်...