Chapter (39)

1.2K 112 8
                                    

Unicode Version

                     

        “ဟင့်အင်း...သားမယုံဘူး၊ အမေကြီးသားကိုညာနေတာ”

        စိမ်းတို့အိမ်ပေါ်ကိုကျွန်တော်တက်လိုက်တဲ့အချိန် ကြားလိုက်ရတဲ့စိမ်းရဲ့အသံကြောင့် အသံရှိရာဆီကျွန်တော်လှမ်းကြည့်လိုက်မိတယ်။ စိမ်းရဲ့မျက်ဝန်းမှာမျက်ရည်တွေအပြည့်ဖြစ်နေတာကို ကျွန်တော်မြင်ရတော့ စိတ်ပူသွားကာအိမ်ကြမ်းပြင်မှာထိုင်နေတဲ့စိမ်းဆီကို ကျွန်တော်အမြန်သွားလိုက်ရတယ်။ စိမ်းရဲ့အမေကြီးကတော့ စိမ်းရဲ့အရှေ့ကထိုင်ခုံမှာထိုင်နေပြီး စိမ်းကိုတစ်ခုခုရှင်းပြဖို့အတွက် အားယူနေပုံရတယ်။

        “ဘာဖြစ်လို့လဲစိမ်း ”

        ကျွန်တော်ကစိတ်ပူစွာမေးလိုက်တော့ စိမ်းကငိုနေရာကနေကျွန်တော့်ကိုမော့ကြည့်လာတယ်။ ပြီးတော့ ကျွန်တော်ကြားလောက်ရုံအသံတိုးတိုးလေးနဲ့ ပြောလာခဲ့တယ်။

         “ဓန...ငါ ငါဘယ်လိုလုပ်ရမလဲဟင်၊ ဦးမင်းထင်စည်က ငါ့အဖေအရင်းတဲ့”

        စိမ်းရဲ့နူတ်ကထွက်လာတဲ့စကားကြောင့် ကျွန်တော်တကယ်အံ့ဩသွားရကာ အရှေ့မှာထိုင်နေတဲ့အမေကြီးရဲ့မျက်နှာကို မော့ကြည့်လိုက်မိတယ်။ အမေကြီးရဲ့မျက်နှာကတော့ ပကတိတည်ငြိမ်နေလေရဲ့။

        “စိမ်းပြောနေတာတွေက အမှန်ပဲလားအမေကြီး”

        ကျွန်တော်ကသေချာအောင်ထပ်ပြီး မေးလိုက်တော့ အမေကြီးကသက်ပြင်းတစ်ခုကိုလေးလေးပင်ပင်ချကာ ခေါင်းညိမ့်ပြလာခဲ့တာမို့ ကျွန်တော့်စိတ်ထဲမှာချက်ချင်းလေးလံသွားခဲ့တယ်။

        ဦးမင်းထင်စည်သာ စိမ်းရဲ့အဖေအရင်းဆိုရင်တော့ စိမ်းတစ်ယောက်ကံကြီးထိုက်တော့မှာပဲ။စိမ်းနဲ့စတွေ့ကတည်းက စိမ်းကသူ့ရဲ့ဘဝအကြောင်းကိုအကုန်ရင်ဖွင့်ပြထားခဲ့တာမို့ အကုန်သိနေခဲ့တဲ့ကျွန်တော်ကစိမ်းအတွက် တော်တော်လေးကိုစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။  အဖေတစ်ယောက်လုံးကို နာကျည်းမုန်းတီးစိတ်အပြည့်နဲ့ ဘဝတစ်လျှောက်လုံးဂလဲ့စားချေဖို့အတွက် စိမ်းရှာဖွေနေခဲ့ရမလား။

"Falling"Where stories live. Discover now