Chapter (41)

1.3K 111 3
                                    

Unicode Version

             

        “ကြီးစိန်”

         ဒီဆေးခန်းမှာထိုင်တဲ့ဆရာဝန်က ကျွန်တော့်သူငယ်ချင်းမို့ လမ်းကြုံတာရော မတွေ့တာလည်းကြာပြီဖြစ်တာကြောင့် တွေ့ဖို့အတွက်ဆေးခန်းထဲကိုဝင်လာတဲ့အချိန် မျက်စိရှေ့မှာမြင်လိုက်ရတဲ့ ပုံရိပ်တစ်ခုကြောင့် ကျွန်တော့်နူတ်ကနေ နာမည်တစ်ခုကတိုးတိုးလေးထွက်လာခဲ့တယ်။ ကျွန်တော်အမြင်မမှားဘူးဆိုရင် ကျွန်တော်တွေ့လိုက်တာ ကြီးစိန်မှကြီးစိန်စစ်စစ်ပါ။

         ဆေးခန်းအပြင်ဘက်မှာတက္ကစီငှားနေတဲ့ ကြီးစိန်ရဲ့ပုံစံက နေမကောင်းတဲ့ပုံစံမပေါက်ပေမယ့် ခြေထောက်တစ်ဖက်ကတော့ ထော့နဲ့ထော့နဲ့ဖြစ်နေတာကို ကျွန်တော်အဝေးကနေမြင်နေရတယ်။ ပြီးတော့ ကြီးစိန်ရဲ့ဘေးနားမှာရှိနေတဲ့ကောင်လေးက ကြီးစိန်ကိုသေချာဂရုစိုက်နေတဲ့ပုံစံပါပဲ။ သားတစ်ယောက်ကအမေတစ်ယောက်အဖွားတစ်ယောက်ကို ဂရုစိုက်သလိုမျိုးလေ။

        ဒီကောင်လေးကကြီးစိန်နဲ့ဘယ်လိုပက်သက်နေလဲဆိုတာ ကျွန်တော်သိချင်သွားမိတာကြောင့် ကားကိုပါကင်အမြန်ထိုးပြီး ကြီးစိန်တို့ဆီလျှောက်လာခဲ့လိုက်တယ်။ အိမ်ကနေရုတ်တရက်ကြီး ပျောက်သွားခဲ့တဲ့ကြီးစိန်ကို ကျွန်တော်တွေ့ချင်နေခဲ့တာပါ။ ပြီးတော့ ကျွန်တော့်စိတ်ထဲမှာသိချင်နေတဲ့အရာတွေကို ကြီးစိန်များသိလေမလားဆိုတဲ့စိတ်နဲ့ ကြီးစိန်ကိုကျွန်တော်ရှာဖွေနေခဲ့မိပါတယ်။

        လှလှခလေးမွေးတဲ့အချိန် အိမ်မှာထွေးခင်နဲ့အတူကျန်ခဲ့တဲ့ကြီးစိန်က လက်ဝတ်ရတနာတွေ ကိုခိုးပြီး ညတွင်းချင်းထွက်ပြေးသွားတယ်ဆိုတာကို ကျွန်တော်အခုချိန်ထိမယုံကြည်နိုင်သေးပါ။ ခက်ကလက်ဝတ်ရတနာတွေကို ကြီးစိန်ခိုးပြီးထွက်ပြေးသွားတယ်လို့ အတိအကျပြောနေပေမယ့် ထွေးခင်ကတော့ လုံးဝမဟုတ်ဘူးဆိုပြီး နောက်ဆုံးအချိန်ထိ ငြင်းနေခဲ့တယ်။ ကျွန်တော်ခရီးသွားနေတဲ့အချိန် အိမ်မှာဘာတွေဖြစ်ခဲ့တာလဲ။ ဘယ်သူ့စကားကအမှန်တရားလဲဆိုတာကို ကျွန်တော်အခုချိန်ထိအတည်မပြုနိုင်သေးပါ။

"Falling"Where stories live. Discover now