"ငါ ငြင်းတယ်"
3ရက် ကြာပြီးတဲ့နောက် ကျင်းရီ သူ့ကို ဖုန်းခေါ်လိုက်တဲ့အချိန် တစ်ဖက်က ရိပေါ် ပြောလာတဲ့ စကားရယ်ပါ။"ဟေ့ကောင်..မင်း ခုမှ ဘာလို့သည်လိုပြောရတာလဲ"
ဖုန်းတစ်ဖက်က ကျင်းရီက ရိပေါ်၏အငြင်းစကားကို လက်မခံချင်ပေ။"အဆီတွေတစ်နေတဲ့ဗိုက်ခေါက်ကြီးနဲ့ လူအိုကြီးရဲ့ အသုံးတော်ခံ မဖြစ်ချင်ဘူးကွ"
ဝမ်ရိပေါ်သာ ဖုန်းတစ်ဖက်မှာ မဟုတ်လျှင် ကျင်းရီက ရိပေါ်၏ခေါင်းကို တဒုန်းဒုန်းထုဆောင့်ပစ်လို်က်ချင်ပါသည်။ သည်လုပ်ငန်းမှာ မင်းမှာ ရွေးချယ်စရာမရှိဘူးဆိုတာ မသိဘူးလား ဝမ်ရိပေါ် ?။ သူပြန်တွေးကြည့်ပြန်တော့လည်း ရိပေါ်က အရင်က အသက်ကြီးကြီး အရေပြားတွန့်တွန့်နဲ့ မိန်းမကြီးဆီ အသုံးတော်ခံလုပ်ဖို့ အလွန်ဆန္ဒရှိနေသလိုပဲ။"မင်း လိုချင်တာ ဘာမဆိုပြောကြည့်စမ်းပါ..အရေးကြီးဆုံးက ပိုက်ဆံပဲ ဟုတ်တယ်ဟုတ်..ပြီးတော့ အရင်ဆုံး မင်း ကောလိပ်ကို ပြီးအောင် တက်ရဦးမှာ..Damn it. .အရင်က မင်း မာမီကြီးတွေဆီ အသုံးတော်ခံလုပ်တုန်းကနဲ့ ဘာများကွာခြားမှုရှိလို့လဲ"
ကျင်းရီ စိတ်ဆိုးဆိုးနှင့် ပြောချလိုက်သည်။"Yup ကွာတယ်လေ..အရင်က ငါက သူတို့ကို ညည်းဖို့လုပ်ပေးရတယ်..ဒါပေမယ့် အခုတော့ ငါက ညည်းပေးရမယ်"
ဤသို့ကြားရပြန်တော့ ကျင်းရီ သက်ပြင်းချမိသည်။သူ ရိပေါ်ကို တွန်းအားမပေးနိုင်တော့ဘူး။ sugar baby၊ sugar daddy တို့နဲ့ပတ်သက်ပြီးတော့လည်း သူလည်း ဘာမှသိတာမဟုတ်ဘူး။ သူသိခဲ့သမျှ အချက်အလက်တွေအားလုံးက Google ဒါမှမဟုတ် သူ့သူငယ်ချင်းတွေဆီကပင်။
"Ok ဟုတ်ပြီ..ငါတို့နှစ်ယောက် လူကြီးနဲ့ အရင်တွေ့ကြည့်ပြီးလို့တောင် သူ့ဗိုက်က မင်းပြဿနာဖြစ်နေသေးတယ်ဆိုရင် ငါတို့ငြင်းလိုက်ကြမယ် .. ဘယ်လိုလဲ ?"
"တကယ်နော် ?"
"ငါ အင်တာနက်မှာ တွေ့ပြီးပြီ..ငါတို့တွေ့ကြည့်ပြီးတော့ နှစ်ဖက်လုံးက သဘောတူရင် ငါတို့ဆက်ဆွေးနွေးကြမယ်..သဘောမကျရင် ငါတို့ငြင်းလိုက်မယ်လေ"
သည်လိုကြားရပြန်တော့ ဝမ်ရိပေါ် နောက်ဆုံး လက်ခံလိုက်သည်။ သူတို့ စနေနေ့ 7pmမှာ တွေ့ကြရန် ဆုံးဖြတ်လိုက်ကြသည်။

YOU ARE READING
SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)
FanfictionFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...