|====================|
|(ဟန်နီ ကျောင်းကြို)
|====================|မထင်ထားတဲ့ အဖြစ်အပျက်တွေအပြီး၊ ရိပေါ်နဲ့ ရှောင်းကျန့်တို့က၊ ခုနက ရိပေါ် ရှိနေခဲ့တဲ့ ကားပါကင်နဲ့ မနီးမဝေးပန်းခြံမှာ ထိုင်ဖြစ်ကြ၏။ တစ်ယောက်မှ စကားမစမိကြပြန်တာမို့ နှစ်ကိုယ်ကြား လေတိုက်သံကလွဲလျှင် တိတ်ဆိတ်၍နေလေသည်။
"ဒီဟာလေး"
ရှောင်းကျန့်ဆီသို့ ရိပေါ် စက္ကူအိတ်လေး လက်ကမ်းပေးလေတယ်။ အနှီအမျိုးသားက မျက်ခုံးပင့်ခြင်းဖြင့်သာ တုန့်ပြန်လေသည်။
"ဒီလိုတန်ဖိုးကြီးနာရီ ကျွန်တော် မလိုအပ်ဘူး "
ရှောင်းကျန့်လည်း စက္ကူအိတ်ကို ပြန်တွန်းပို့လျက်
"ကိုယ်က ပေးပြီးသားပစ္စည်း ပြန်ယူတဲ့အကျင့်မရှိဘူး ""ဒီလိုဆို ကျွန်တော်လည်း ကျွန်တော့အလုပ်မပြီးမချင်း ဘယ်ပစ္စည်းမှ လက်မခံတတ်ဘူး "
"ဘာလဲ အလုပ်ပေးစေချင်တာလား "
ရိပေါ် ခပ်မြန်မြန် ခေါင်းတဆတ်ဆတ်ငြိမ့်ပြလေသည်။"ဟုတ်ပြီ.. ပေးမယ့်အလုပ်အကြောင်း ညရောက်ရင် စာပို့လိုက်မယ်.. အခုတော့ ဒီနာရီကို ဝတ်ထားလိုက်.. နေ့လည်စာ အတူစားရမယ် "
သူပြောပြီးတာနှင့် ရိပေါ်ရဲ့လက်ကို ကလေးတစ်ယောက်ကိုဆွဲခေါ်သလို ဆွဲ၍ ဒီနေရာက ထွက်ခွာသွားလေသတည်း။"တော်ပြီနော်.. ရှောင်းကျန့် ဇနီးဟောင်းနဲ့ တစ်စားပွဲတည်းအတူတူ မထိုင်ချင်ဘူးနော် "
ရိပေါ် သူ့လက်ကောက်ဝတ်က ရှောင်းကျန့်ရဲ့လက်ကို ဖြေလျော့ဖို့ ကြိုးစားရင်း ငြင်းဆန်လေသည်။"ဘာလို့မထိုင်ချင်ရတာလဲ _? သူမက ရိပေါ်ကို ကိုက်မစားပါဘူး "
"အဲ့ဒီလို မဟုတ်ဘူးဗျာ.. ကျွန်တော်က မြင်နေရတာကို သဘောမကျဘူး "
ဒီလိုကြားရတော့ ရှောင်းကျန့် ခြေလှမ်းတို့ရပ်တန့်သွားပြီး ရိပေါ်ဘက်ကိုလှည့်လာသည်။
"ဘာလို့သဘောမကျတာလဲ_? "
ရှောင်းကျန့် မေးခွန်းက ရိပေါ်ရဲ့နှလုံးသားကို ထိန်းမနိုင်သိမ်းမရ ခုန်စေပါသည်။"ဘာလို့လဲ.. ဆိုတော့.. သူ့ရဲ့.. အင်း.. သူ့ရဲ့.. ရုပ်ဆိုးဆိုးမျက်နှာ.. ကို.. သဘောမကျလို့ပေါ့ဗျာ "
ရိပေါ် အထစ်ထစ်အငေါ့ငေါ့နှင့် အားလင်ကို ညွှန်းဆိုတဲ့ စကားဆိုခဲ့ပေတယ်။ ရိပေါ် လိမ်နေတယ်ဆိုတာ အသိသာချည်း။ သို့ပေသိ သူ့ရှေ့က ရူးမိုက်မိုက်အမျိုးသားကတော့ သူပြောတာကို ယုံပါသည်။

YOU ARE READING
SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)
FanfictionFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...