=======================================
19.SMILE FOR ME (EPILOGUE) (UNICODE)
=======================================
အခုဆိုလျှင် ရိပေါ်မှာ အလေ့အကျင့် အသစ်တစ်ခု ရလာခဲ့ပြီ။ သူ ကျောင်းမှပြန်လာတိုင်းပဲဖြစ်စေ တစ်နေရာရာမှပြန်လာတိုင်းပဲဖြစ်စေ မျှော်လင့်ချက်တစ်ခုနဲ့ လမ်းကြောင်းရှည်တစ်ခုကို သွားတတ်ခဲ့ပြီ။သူ ဒီလိုလုပ်နေတတ်တာ တစ်နှစ်ကျော်ကျော် (တစ်နှစ်နဲ့ခြောက်လ)ကြာသွားပြီဆိုသော်လည်း သူ့ဆန္ဒ မပြည့်နိုင်သေးပါဘူးတဲ့။
ထိုနေ့က ရှော့ရစရာကိစ္စဖြစ်ပြီးတဲ့နောက် ရှောင်းမိသားစုဟာ ပျောက်ချင်းမလှပျောက်သွားခဲ့ရောပဲ။ သူတို့ဘယ်ရောက်နေလဲ ဘယ်သူမှမသိကြတဲ့အထိပါပဲ။ ကောလဟာလအချို့ ပြောကြတာတော့ သူတို့က လန်ဒန်ပြန်သွားကြပြီတဲ့။ တစ်ချို့ကကျပြန်တော့လည်း အနှီရှောင်းမိသားစုဟာ အားလပ်ရက်ယူပြီး အပန်းဖြေနေကြတယ်တဲ့။
ပိုင်ရှင်တွေက ဘယ်မှာမှန်းမသိပျောက်နေကြတယ်ဆိုပေမယ့် သူတို့ကုမ္ပဏီဖြင့် ပုံမှန်လည်ပတ်နေခဲ့ပါတယ်။
အဲ့ဒီလိုတွေဆိုလျှင်တောင် ရိပေါ်ကို လိုအပ်သေးလား မလိုအပ်တော့ဘူးလား မသိရတာက ရိပေါ်ကို နာကျင်စေဆဲပင်။ ရိပေါ်ကို ဘာတစ်ခွန်းမျှမပြောဘဲ ချန်ထားရစ်ခဲ့သူဟာ ရှောင်းကျန့်ဖြစ်သလို
စောင့်ဆိုင်းမှုဟာ အချည်းနှီးမဟုတ်ဘူး ဆိုတာကို ဆက်ပြီး ယုံကြည်နေရင်း စောင့်မျှော်နေလျက်ရှိနေခဲ့သူမှာ ရိပေါ်လေးဖြစ်တယ်။
အခွံသက်သက်ကျန်ရှိခဲ့တဲ့ ကြီးကျယ်ခမ်းနားသည့်စံအိမ်ကြီးသို့ ရိပေါ် ချောင်းပေါက်မတတ် သွားရောက်နေတတ်ခဲ့သည်မှာ တစ်နှစ်ခွဲဆိုသည့် ကာလကြီးတစ်ခုလုံးပင်။
အဲ့လိုဆိုပေမယ့် ယနေ့မှာ ဂိတ်ပေါက်တွင်ရပ်ထားတဲ့ ကုန်တင်ကားကို ရိပေါ် မြင်ခဲ့ရတယ်။ လူတစ်ချို့က ကားပေါ်သို့ ပစ္စည်းများတင်ရင်း အလုပ်ရှုပ်နေကြပုံပါ။
ကုန်တင်ကားရဲ့ညာဘက်နေရာတွင် ရိပေါ် မလှုပ်မယှက်ရပ်နေမိခဲ့ပြီး သူ့ရှေ့မှ အတင်အပို့လုပ်နေကြတဲ့လူတွေဆီ အာရုံစိုက်နေလေတယ်။ ရိပေါ်မှာ မေးစရာအများကြီးရှိနေခဲ့တယ်။
YOU ARE READING
SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)
FanfictionFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...