8. Worried (Unicode)

1.6K 176 17
                                    

ရှောင်းကျန့် ပြန်သွားသည်နှင့် အားယွမ် ရိပေါ်ကို စိုက်ကြည့်နေလိုက်သည်မှာ မနေတတ်မထိုင်တတ်အောင်ပင်။

"ငါ့ကို ကြည့်နေတာ ရပ်ပြီး အိမ်ပြန်တော့ "

"မင့်မျက်နှာက ဘာလို့ရဲပတောင်းခတ်နေရတာလဲ ဘေဘီ_? "

"ခွေးကောင်! "

ရိပေါ်ဆီက ကျိန်ဆဲမှုကို ဂရုမပြုဘဲ စားပွဲရှင်းနေသည့်ရိပေါ်ကို မေးလေသည်မှာ

"ရှောင်းကျန့်ကို ဘယ်လိုထင်လဲ ရိပေါ် _? "

ရိပေါ်က ပြန်မဖြေဘဲ မှင်သေသေဖြင့်သာ ကြည့်နေလေရာ အားယွမ်မှာ " ဟွန်း " နှာမှုတ်လိုက်ရသည်။

"သူက တကယ်ချောနေပေမယ့်လည်း.. ပျင်းစရာကောင်းတယ်နော်.. ရိပေါ် "
သူ့မီးဖိုချောင်နဲ့သူ အလုပ်ရှုပ်နေသော ရိပေါ်ကို စကားစလျက်

"ဆိုပေမယ့်.. သူက မင်းရဲ့sugar daddy ဆိုတော့ တော်တော်လေး ကျေးဇူးတင်ရမယ် "
အားယွမ်ကလည်း ဆက်၍ စိတ်အားထက်သန်စွာ ပြောနေသလို ရိပေါ်သည်လည်း ငြိမ်ကျနေဆဲ ။

"မင်း သိလား.. ရိပေါ်.. သူ့မျက်နှာကသာ ခံစားချက်ရှိမနေသလိုဖြစ်နေတာနော်.. မင်းကိုတော့ စွန်းဂရုစိုက်တာကွ "
ရိပေါ် လုပ်လက်စ ခဏနားကာ အားယွမ်ကို  နားမလည်နိုင်စွာ မျက်မှောင်ကြုပ်၍ ကြည့်လိုက်တယ်။

"မင်း သိလား.. မင်းမှာ အဲ့ဒီ ဒယ်ဒီ ရှိလာပြီဆိုကတည်းက မင်း ဆေးလိပ်လည်းမသောက်တော့ဘူး.. ညဆိုရင်လည်း အိမ်မှာပဲ နေတယ်.. အာ.. ကောင်လေး! မင်းရဲ့မျက်နှာချောချောလေးလည်း ထပ်ပြီး အထိခိုက်မခံရတော့ဘူး "

ရိပေါ် ငြိမ်နေလျက်ပဲ သူ့သူငယ်ချင်းပြောသွားတဲ့ စကားလုံးတွေကို စိစစ်ကြည့်ပြန်တော့ မှန်နေတာပဲ ။

ရိပေါ် ဆေးလိပ်သောက်ချင်တဲ့ အချိန်တိုင်းမှာ ရှောင်းကျန့်ရဲ့အသံက နားထဲဝဲလည် ဝဲလည်။ သူ ရှောင်းကျန့်နဲ့ရှိနေရင် လုံခြုံနေသလို ခံစားရသည်မှာလည်း ရှောင်းကျန့်ရဲ့ စည်းမျဉ်းများကြောင့်လည်း မဟုတ်သကဲ့သို့ ရှောင်းကျန့်ရဲ့ စရိုက်ကြောင့်လည်း မဟုတ်။

"ပြီးတော့.. ငါကတော့ ကြိုက်တယ်ဟေ့.. ငါ့ကောင်ရေ "
အားယွမ် ရယ်ရယ်မောမောပြောလေတော့ ရိပေါ် သူ့ကို ကြည့်လိုက်တယ်။

SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)Where stories live. Discover now