==========================================
17.
=========================================="ရိပေါ် ၊ ပြောနေတာ ကြားလား ?"
ရှောင်းကျန့် ပြောနေတာကို သူကြားတာပေါ့။ ကြားလည်း သူ ပြောနေတာတွေက ရိပေါ် ဒီလောကမှာ မကြားချင်ဆုံး စကားတွေမို့ ကြားခဲ့သမျှ အမှားတွေဖြစ်ဖို့ ဆုတောင်းလိုက်ချင်ပါတယ်။
ယခုလို မိုးရွာနေတဲ့အချိန်မျိုးမှာ မြို့ထဲမှာပဲ မိုးရေတို့ ပြန့်ကြဲနေတာ မဟုတ်ဘဲ ရိပေါ် နှလုံးသားမှာလည်း ဆူးဒဏ်ရာတို့ ပြည့်နှက်နေခဲ့ရတယ်။
"ဘ_ဘာပြောတာလဲ ?
. ဘာအဆုံးသတ်လဲ ? "
ရိပေါ် ပေါ့ပေါ့ပါးပါး ရယ်သွေးသွမ်းခြင်းဖြင့် ဆက်ပြောလေတယ်။
"နောက်နေတာမလား ကျန့် ၊
ရိပေါ်နဲ့ စတမ်းနောက်တမ်း
ကစားချင်နေတာမလား ကျန့်က ၊
ဒီလိုကြီးတော့ မနောက်နဲ့ဗျာ ၊
ရိပေါ် မကြိုက်ဘူး ၊
ဒါကြီးကတော့ များသွားပြီ "ရှောင်းကျန့် လက်သီးတင်းတင်းဆုပ်လိုက်မိသော်လည်း ရိပေါ်မျက်နှာပေါ်မှ တုန်လှုပ်ခြောက်ခြား နာကျင်နေသော အမူအရာကို မြင်ရတော့ တစ်ခါထပ်ပြီး နာကျင်စေမိပြန်ပြီ ဆိုတာ တွေးမိတယ်။
"ကိုယ်တို့နှစ်ယောက် ဆက်ဆံရေးကို
အဆုံးသတ်စေချင်ပြီ "ရှောင်းကျန့်က ရိပေါ် အသည်းကို အစိတ်စိတ်အမွှာမွှာဖြစ်စေမယ့် ဆိုလိုရင်းကို ထိထိမိမိ ထပ်မံပြောလေတယ်။
"Ah.. ရိပေါ် အဲ့ဒါကို နားမလည်ဘူး ကျန့် "
ရိပေါ် တနူးတညံ့လေး ပြောလေတယ်။
"ကျန့်ဘာလို့ဒီလိုဖြစ်နေတာလဲဆိုတာ
ရိပေါ်လည်းမသိဘူး
ပြီးတော့သေချာတာတစ်ခုက
ရိပေါ်တို့ဆက်ဆံရေးအဆုံးသတ်ကို
ရိပေါ် မလိုလားဘူး
အိုဗျာ အဆုံးမသတ်ချင်ဘူးဗျာ ""ပြောတာကို မင်းနားလည်ဖို့ ဘာလို့ဒီလောက်ထိခက်ခဲနေရတာလဲ ဝမ်ရိပေါ် ? "
ရှောင်းကျန့်က သူ့လက်မောင်းမှာ တွဲခိုနေတဲ့ ရိပေါ်လက်ကို ဖယ်ချပြီး ကားအပြင်ဘက်ထွက်သွားတော့ မိုးကြောက်တတ်တဲ့ဝမ်ရိပေါ်က ကြောက်စိတ်ကိုပင်မမှုနိုင်ဘဲ အနောက်မှ လိုက်ဆင်းလေတယ်။ ဒီအမျိုးသားနဲ့ရိပေါ်ပြတ်ဆဲရမှာကို ကြောက်တဲ့စိတ်နဲ့ နှိုင်းစာမယ်ဆိုလျှင် မိုးလည်း ပမွှားလေးပါပဲ။

YOU ARE READING
SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)
FanficFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...