21. BONUS 2 (UNICODE)

1.4K 98 20
                                    

========= ==========
21. EXTRA 2
========= ==========
ဝမ်လီလီဟာ ဝမ်းနည်းစွာမျက်နှာပေးဖြင့် သူ့လသာဆောင်အခန်း၌ ရပ်နေသော သူ့သားကြီးကို ကြည့်မိတယ်။ မျက်မမြင်အချစ်မှာ (Corona မဟုတ်) သားဖြစ်သူရဲ့ဝမ်းနည်းကြေကွဲမှုကိုမြင်ပြီးသူမခေါင်းကိုညိတ်လိုက်တယ်။

ဖုန်းထဲကိုတစ်ခုခုရိုက်ပြီး ရှောင်းကျန့်ကို ရှာကြည့်ပြီးနောက်အီးမေးလ်လိပ်စာကိုရှာ။ မက်ဆေ့ခ်ျများစတင်ပို့ခဲ့သည်။

မင်္ဂလာပါ

Xiao Zhan

ငါတို့နှုတ်ဆက်ဖို့လိုသေးလား။ ဒီအတွက်ငါတို့အရမ်းအသက်ကြီးနေပြီမဟုတ်လား။ ဒါကိုဂရုမစိုက်ပါနဲ့။ ငါစကားပြောတာသေးသေးလေးလုပ်ရတာစိတ်မကောင်းဘူး။

Xiao Zhan၊ နင်တောင်းဆိုတာကိုငါပြီးပါပြီ။ငါ့သား Yibo ကိုလည်းချစ်ရမယ်ဆိုတာငါအခုမှသဘောပေါက်တာမို့ နင့်ကိုအရမ်းကျေးဇူးတင်ပါတယ်။

ဒါပေမယ့်အခုနင်က သူ့ကိုဘာလို့နာကျင်စေရတာလဲ။ Zhan နင် Yibo ခံစားနေတာကို တားရမယ်။

သိတဲ့အတိုင်း သူကနေ့တိုင်းညတိုင်းငိုတယ်။ ငါအဲဒါကိုမခံနိုင်ဘူး။ ကျေးဇူးပြုပြီးသူ့အတွက်လည်း ကြည့်ပါဦးဟာ။ သူကနင့်ကိုတကယ်လွမ်းနေရှာတာပါ။

ကျေးဇူးပြုပြီးငါပို့တဲ့စာကိုဖတ်ပေးပါ။ ပြီးတော့သူ့အကြောင်းတွေးပေးပါ။ မဟုတ်ရင်ငါနင့်ကိုလိုက်ရှာရလိမ့်မယ်။

***

"Xiao Zhan! Jeez!" ဝမ်လီလီဟာ ကဖေးဆိုင်ထဲကို ၀င်လာစဉ် ကျယ်လောင်စွာအော်ဟစ်လာရတာက ဖန်နားကခုံတန်းလေးတစ်ခုမှာထိုင်နေတဲ့ ရှောင်းကျန့်ကို သူမ မြင်တာမို့။

Xiao Zhan လက်ပြနှုတ်ဆက်ပြီးပြုံးလိုက်သည်။

"နင်သာ ငါ့သား ချစ်တဲ့သူတစ်ယောက်ဆိုတာ ငါမမှတ်မိရင် ငါနင့်ကိုသတ်မိဦးမယ်။ " Xiao Zhan ရယ်သည်။ လီလီက သူမ၏နွေးထွေးသောသဘောသဘာဝကိုမပြောင်းလဲခဲ့ပါလား။ သူနဲ့ရင်းနှီးပြီးသားပါ။

"အဆင်ပြေရဲ့လား ?" လီလီ ကမေးတယ်။

Xiao Zhan တိတ်ဆိတ်သွားပြီးသက်ပြင်းချလိုက်သည်။ "ငါအဆင်ပြေပါတယ်။ ဒါပေမယ့် A-ling အတွက်ငါစိတ်ပူတယ်။ သူက coma ကနေမနိုးသေးဘူး"

SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)Where stories live. Discover now